ဂျွန်ဝစ်နဲ့တူလို့ ထိုင်းနိုင်ငံမှာ နေ့ချင်းညချင်း ကျော်ကြားလာခဲ့သူ

28.5.24-yyl-20.jpg

ကီနူးရိဗ်ရဲ့ဇာတ်ကောင် ဂျွန်ဝစ်နဲ့ အလွန်တူတဲ့ အမျိုးသားတစ်ယောက် ထိုင်းနိုင်ငံမှာ အစားအစာ ရောင်းနေတဲ့ ရုပ်သံမှတ်တမ်းက ထိုင်းလူမှုကွန်ရက်မှာ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ” ဂျွန်ဝစ် ကလဲ့စားမချေတော့ဘူး။ ကော်ဖီနဲ့ အကင်ရောင်းနေပြီ” ဆိုတဲ့ စာသားကြောင့်လည်း စိတ်ဝင်စားမှု ပိုများခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ သူ ဘယ်သူလဲဆိုတာ သိချင်စိတ် ပြင်းပြခဲ့ကြပြီး ထိုင်းမီဒီယာတွေကပါ သူ့အကြောင်း စုံစမ်းခဲ့ကြပါတယ်။ တကယ်တော့ သူက ထိုင်းနိုင်ငံသူနဲ့ လက်ထပ်ထားတဲ့ ဂျာမန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး သူ့မိန်းမရဲ့ဇာတိကို အလည်လာခဲ့တာပါ။ သူ့ယောကျာ်း အန်ဒရီက ဂျွန်ဝစ်နဲ့တူတာကို သတိထားမိတဲ့အတွက် ဂျွန်ဝစ်လို ဝတ်စားဆင်ယင်ဖို့ အကြံပြုခဲ့တာလို့ ဇနီးသည် တက်ခ်က ပြောပါတယ်။

တက်ခ်ဟာ သူ့ယောကျာ်း ကော်ဖီရောင်းနေတာ၊ ပန်းကန်ဆေးနေတာတွေကို ဗီဒီယိုရိုက်ကူးပြီး TikTok ပေါ် တင်ခဲ့ရာမှာ ဗီဒီယိုတစ်ခုချင်းစီဟာ ကြည့်ရှုမှုအကြိမ်ရေ ၁ သိန်းကနေ ၄ သန်းခွဲကြားအထိ ရှိခဲ့ပါတယ်။ အန်ဒရီကလည်း ထိုင်းနိုင်ငံမှာ နေ့ချင်းညချင်း ထင်ပေါ်ကျော်ကြားသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Ref:John Wick Lookalike Goes Viral in Thailand

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top