ကမ္ဘာတစ်ဝန်း ဆယ်လ်ဖီ (Selfie) ရိုက်ရင်း သေဆုံးမှု ပိုမိုမြင့်တက်လာ

Selfie.jpg

အမေရိကန်နိုင်ငံ ဆေးဘက်ဆိုင်ရာ အမျိုးသားစာကြည့်တိုက်က လေ့လာသူတွေက အန္တရာယ်ရှိတဲ့ နေရာတွေကို “ဆယ်လ်ဖီ မရိုက်ရနယ်မြေ” အဖြစ် သတ်မှတ်ပြီး ဆယ်လ်ဖီရိုက်လို့ သေဆုံးမှုတွေကို လျှော့ချဖို့ လုပ်ဆောင်သင့်တယ်လို့ ဆိုလိုက်ပါတယ်။

တောင်ထိပ်နေရာတွေ၊ မြင့်မားတဲ့ အဆောက်အဦးနဲ့ ရေကန်တွေရဲ့ အပေါ်တွေအပြင် တခြား အန္တရာယ်ရှိတဲ့ နေရာတွေ တော်တော်များများကို ပိတ်ပင်ဖို့ အကြံပြုခဲ့တာ ဖြစ်ပြီး အမြင့်နေရာတွေကနေ ပြုတ်ကျသေဆုံးမှုတွေ အများအပြား တွေ့ရှိလာရတာကြောင့်လို့ ဆိုပါတယ်။

ဆယ်လ်ဖီရိုက်ရင်း ကမ္ဘာတစ်ဝန်း ဓာတ်လိုက်သေဆုံးမှု၊ မီးလောင်သေဆုံးမှုနဲ့ အခြားအမျိုးမျိူးသော သေဆုံးမှုတွေ ခဏခဏ ဖြစ်ပေါ်နေတာကိုလည်း စစ်တမ်းတွေက ဖော်ပြနေပါတယ်။ ယခုနှစ် ဇူလိုင်လအတွင်းက အသက် ၁၉ နှစ်အရွယ် ဂယ်ဗင် ဇီမာမန်း (Gavin Zimmerman) ဆိုသူဟာ ဩစတေးလျက ချောက်ကမ်းပါး ပေါ်ကနေ ဆယ်လ်ဖီရိုက်ရင်း ပြုတ်ကျ သေဆုံးခဲ့ပါတယ်။

တိုမာ ဖရန့်ဖာတာ (Tomer Frankfurter) ဟာလည်း စက်တင်ဘာ တုန်းက ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ရိုဆီမိုက် (Yosemite) အမျိုးသားပန်းခြံမှာ မီတာ ၂၅၀ အမြင့်နေရာပေါ်မှာ ဆယ်လ်ဖီရိုက်ရင်း ပြုတ်ကျသေဆုံးခဲ့ပြန်ပါတယ်။ ဒါတွေကို သင်ခန်းစာ ယူသင့်တယ်လို့ ဆိုပါတယ်။

ဆယ်လ်ဖီရိုက်တာနဲ့ ဆက်စပ်ပြီး သေဆုံးမှုတွေဟာ အိန္ဒိယ၊ ရုရှား၊ အမေရိကန်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာဆိုရင် လူသေဆုံးမှုတွေအားလုံးရဲ့ ၇၂.၅ ရာခိုင်နှုန်း အထိ ရှိနေတယ်လို့ ဆိုပါတယ်။

လေ့လာမှုအသစ်တွေမှာ ဆယ်လ်ဖီရိုက်ရင်း သေဆုံးမှုတွေဟာ ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ၉၈ ယောက်နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ ၉၃ ယောက် အထိ သေဆုံးခဲ့ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်းမှာ ကမ္ဘာတစ်ဝန်း ဆယ်ဖီကြောင့် သေဆုံးသူပေါင်း ၂၅၉ ယောက် အထိ ရှိတယ်လို့ ဆိုပါတယ်။

Ref : BBC News “Selfie deaths: 259 people reported dead seeking the perfect picture”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top