ရာသီဥတုဖောက်ပြန်မှုကြောင့် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ရတဲ့နေရာများ

yyl-001-6.jpg

ရာသီဥတုဖောက်ပြန်မှုက အရာရာကို ပြောင်းလဲသွားအောင်လုပ်နိုင်ပါတယ်။ ရာသီဥတုဖောက်ပြန်တာက လူသားတွေရဲ့လုပ်ရပ်တွေနဲ့လည်းဆိုင်ပြီး တစ်နေ့တခြားပိုပိုပြီး ဆိုးရွားလို့နေပါပြီ။ မြို့တော်ရေကြီးတာ၊ တောမီးလောင်ကျွမ်းတာ၊ ရေခဲမြစ်အရေပျော်တာတွေက ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ရတာပါ။ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ကမ္ဘာကြီးဟာ မကြာခင်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ထပ်ပြီး အချိန်တွေဖြုန်းမနေတော့ဘဲ ကျွန်တော်တို့တွေ အတူတကွပူးပေါင်းပြီး ကမ္ဘာကြီးကို ကယ်တင်ကြရမှာဖြစ်ပါတယ်။ တချို့နေရာတွေက ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် ဘယ်လောက်တောင်ပြောင်းလဲသွားရလဲဆိုတာကို စာဖတ်ပရိသတ်တွေကို မျှဝေပေးလိုက်ရပါတယ်။

အလက်စကာပြည်နယ်က Pedersen ရေခဲမြစ်ရဲ့ လွန်ခဲ့တဲ့နှစ် (၁၀၀) ကအခြေအနေနဲ့ အခုလက်ရှိ

ကမ္ဘာ့အလှဆုံးရေတံခွန်ဖြစ်တဲ့ ဗစ်တိုးရီးယားရေတံခွန်က ရာသီဥတုဖောက်ပြန်မှုကြောင့် စမ်းချောင်းငယ်လေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာလည်း မကြာခဏဆိုသလို ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။

ရာသီဥတုဖောက်ပြန်မှုက မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးပေါ်က သန္တာကျောက်အသစ် (၈၉) ရာခိုင်နှုန်းကို နည်းပါးသွားစေခဲ့ပါတယ်။

ဒီရေခဲမြစ်တစ်ခုလုံးက ရေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

အက်ကူလီယို ရေကန် (Aculeo Lake) က ဘယ်တော့ကမှ မရှိခဲ့ဘူးသလို ပျောက်ကွယ်သွားခဲ့ပါတယ်။

တောင်အာဖရိကမှာရှိတဲ့ Theewaterskloof Dam ကလည်း ရေခန်းခြောက်သွားခဲ့ပါတယ်။

အာလာဟာဘတ်မြို့က ဂင်္ဂါမြစ်ရေကြီးမှုက လူတော်တော်များများကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပါတယ်။

Urmia ရေကန်က ရေတွေဟာ အနီရောင်အဖြစ်ပြောင်းသွားခဲ့ပြီး ရေခန်းခြောက်သွားတော့မှာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ တောမီးလောင်ကျွမ်းလို့နေပါတယ်။ ဒါက အမေဇုန်မိုးသစ်တောမှာ တောမီးလောင်ကျွမ်းခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်။

မစ္စစ္စပီမြစ်ရေကြီးမှုက တစ်မြို့လုံးကို ရေဖုံးလွှမ်းသွားစေခဲ့ပါတယ်။

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top