ကိုရီးယားအဆိုအဖွဲ့ NewJeans ရဲ့ MV အသစ်မှာ ဧည့်သည်အဖြစ် ပါဝင်ထားတဲ့ နာမည်ကျော်ဟောင်ကောင်မင်းသားကြီးတိုနီ လျန်

21.7.23-yyl-2.jpg

နာမည်ကျော်ဟောင်ကောင်မင်းသားကြီး တိုနီလျန်က ၂၀၂၂ ခုနှစ်ကမှ ပွဲဦးထွက်ခဲ့တဲ့ ကိုရီးယားအဆိုအဖွဲ့ NewJeans ရဲ့ “Cool With You” & “Get Up” MV အသစ်မှာ ဧည့်သည်အဖြစ် ပါဝင်ထားပါတယ်။ ဒီ MV အသစ်က ဇူလိုင် ၂၀ ရက်နေ့က ထွက်ရှိလာခဲ့တာပါ။

MV မထွက်ခင် NewJeans ရဲ့အေဂျင်စီ ADOR က MV မှာ ပရိသတ်တွေကို အံ့အားသင့်သွားစေမယ့် မျှော်လင့်မထားတဲ့ နာမည်ကြီးစတား ၂ ဦးပါဝင်မယ်လို့ ပြောခဲ့ပါတယ်။ “Cool With You” က side A နဲ့ side B ဆိုပြီး Version ၂ မျိုးနဲ့ MV ထွက်ရှိမှာဖြစ်တယ်လို့လည်း ကြေညာထားခဲ့တာပါ။

နာမည်စတား ၂ ယောက်က Squid Game မင်းသမီး ဂျန်ဟိုယွန်းနဲ့ ဟောင်ကောင်မင်းသားကြီး တိုနီလျန်တို့ပါ။ သူတို့နှစ်ဦးလုံးက side B version မှာ ပါဝင်ထားကြတာပါ။ ကြည့်ရှုသူတွေက MV မှာ တိုနီလျန်ကို မြင်တော့ အံ့အားသင့်ခဲ့ရပါတယ်။ ဧည့်သည်အဖြစ် ပါဝင်ထားပေမဲ့ သူ့မျက်လုံးတွေနဲ့ စကားပြောနိုင်တဲ့ အမျိုးသားအဖြစ် သူ့ကို သတ်မှတ်ခဲ့ကြပါတယ်။ ပရိသတ်တွေက ဒီလိုနာမည်ကြီးမင်းသားကို MV မှာ ဘယ်လိုများခေါ်ယူအသုံးပြုခဲ့လဲဆိုတာအပေါ် သိချင်မိနေကြပါတယ်။

တိုနီလျန်ကို ၂၀၂၁ ခုနှစ်ရဲ့ Marvel ရုပ်ရှင်ကား “Shang-Chi and the Legend of the Ten Rings” နဲ့ ပိုပြီးသိကြမယ်ထင်ပါတယ်။ အဲဒီဇာတ်ကားမှာ သူက ဗီလိန် ရွှီဝမ်ဝူအဖြစ် သရုပ်ဆောင်ခဲ့တာပါ။
NewJeans က ဇူလိုင်၂၁ ရက်နေ့မှာ ဒုတိယမြောက် Mini Album ထဲက ကျန်ရှိနေတဲ့ သီချင်း ၂ ပုဒ် ထွက်ရှိသွားမှာပါ။

NewJeans ရဲ့ MV ကြည့်ရှုရန်

Ref: Tony Leung makes a surprise cameo in NewJeans newest music video

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top