တရုတ်ပြည် ဘေကျင်းမြို့ရှိ ရထားဘူတာများတွင် မျက်နှာ scan ဖတ်သည့် လုံခြုံရေး နည်းပညာကို အသုံးပြု

yyl-009.jpg

ဘေကျင်းမြို့တွင် လူအများသွားလာ ထူထပ်သောနေရာများရှိ ရထားဘူတာများ၌ လုံခြုံရေးစစ်ဆေးမှုများကို လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် မျက်နှာပုံစံကို scan ဖတ်သည့် Facial Recognition နည်းပညာအခြေခံသည့် ပစ္စည်းများကို အသုံပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်လာသည်။

လူအများအလုပ်သွားချိန်တွင် ရထားအသုံးပြုမှု အလွန်များပြားကာ လုံခြုံရေးစစ်ဆေးသည့် စနစ်များတွင် တန်းစီသူများ များလွန်းကာ ရထားဘူတာများတွင် လူပြည့်ကျပ်လွန်းခြင်း၊ လုံခြုံရေးစစ်ဆေးသည့် စနစ်များနှောက်နှေးခြင်းများ ဖြစ်ပေါ်စေသည်။ ထိုဖြစ်စဥ်ကြောင့် ရထားအသုံးပြုသူများ နှင့် ဝန်ထမ်းများအကြားတွင် ပရိပက္ခများ မကြာခဏ ဖြစ်ပွားနေရသည်။

ထို့ကြောင့် မြို့အတွင်းတွင် ကင်မရာများ တပ်ဆင်ရန်ကာ ရထားဘူတာများသို့ ဝင်ရောက်လာလျှင် ခရီးသွားများ၏ မျက်နှာများကို scan ဖတ်ကာ လုံခြုံရေးစိစစ်ခြင်း များပြုလုပ်မည်ဟု ဘေကျင်းမြို့ Rail Traffic Control center ၏ ဒါရိုက်တာ Zhan Minghui မှဆိုသည်။

သူက ထိုစနစ် တည်ဆောက်မှုတွင် “Passenger credit system” ပါဝင်မည်ဖြစ်ပြီး ခရီးသွားတစ်ဦးချင်းစီကို White list ထဲတွင်ထည့်သွင်းထားကာ လုံခြုံရေးအရ သွားလာရေးကတ်များ ပေးထားမည်ဖြစ်ပြီး၊ စနစ်မှ scan ဖတ်ပြီး၍ “abnormal feedback” များ ပြသခံရသည့် သံသယရှိသော ခရီးသွားများအား လုံခြုံရေးအရ မေးမြန်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟုဆိုသည်။ ထို့အပြင် ခရီးသည်များ ခရီးဆောင်အိတ်များဖြင့် အုပ်စုဖွဲ့ ၍ ရထားဘူတာများသို့ ဝင်ရောက်လာလျှင် ခန္တာကိုယ်ကို scan ဖတ်ခြင်း နှင့် ဘာသာစကား ဖော်ပြပေးနိုင်ရန်အထိပါ ပါဝင်မည်ဟုဆိုသည်။

ထိုနည်းပညာ စနစ်သည် ပိုကောင်းမွန်သော လုံခြုံရေးစနစ် နှင့် ပိုမြန်ဆန်သော စစ်ဆေးမှုကို ရည်ရွယ်ပြီး ခရီးသွားများ လိုရာခရီးကို လုံခြုံလျှင်မြန်စွာ ရောက်ရှိစေရန် အဓိကပံ့ပိုးမှုဖြစ်စေမည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top