ရိုးရာလေးပရိသတ်တို့ရေ… နှစ်ပတ်လည်နေ့တွေ ကျင်းပတဲ့နေရာမှာ ဘာရတု ညာရတု စသဖြင့် ကျင်းပကြတာကို သိကြမှာပါ။ နှစ်တွေကြာလာလေလေ ပိုတန်ဖိုးရှိလာလေလေပါပဲ။ ငွေရတု ရွှေရတုမှသည် စိန်ရတုဆီသို့ အစရှိသဖြင့် နှစ်ကာလတွေကို အတူဖြတ်သန်းရတာ ကြည်နူးစရာ ကောင်းပါတယ်။
ရိုးရာလေးပရိသတ်တွေ ဗဟုသုတရစေဖို့အတွက် နှစ်ကာလတွေနဲ့ သက်ဆိုင်ရာ ရတုအသီးသီးရဲ့အမည်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ၁ နှစ်မြောက် – စက္ကူရတု
၂။ ၂ နှစ်မြောက် – ဂွမ်းရတု
၃။ ၃ နှစ်မြောက် – သားရေရတု
၄။ ၄ နှစ်မြောက် – ပိုးရတု
၅။ ၅ နှစ်မြောက် – သစ်သားရတု
၆။ ၆ နှစ်မြောက် – သကြားရတု
၇။ ၇ နှစ်မြောက် – သက္ကလပ်ရတု
၈။ ၈ နှစ်မြောက် – ကြေးရတု
၉။ ၉ နှစ်မြောက် – ဥဿဖရားရတု
၁၀။ ၁၀ နှစ်မြောက် – သံဖြူရတု
၁၁။ ၁၁ နှစ်မြောက် – သံမဏိရတု
၁၂။ ၁၂ နှစ်မြောက် -ချည်ရတု
၁၃။ ၁၃ နှစ်မြောက် – ဇာပန်းရတု
၁၄။ ၁၄ နှစ်မြောက် – ဆင်စွယ်ရတု
၁၅။ ၁၅ နှစ်မြောက် – သလင်းရတု
၁၆။ ၂၀ နှစ်မြောက် – ကြွေရတု
၁၇။ ၂၅ နှစ်မြောက် – ငွေရတု
၁၈။ ၃၀ နှစ်မြောက် – ပုလဲရတု
၁၉။ ၃၅ နှစ်မြောက် – ကျောက်စိမ်းရတု
၂၀။ ၄၀ နှစ်မြောက် – ပတ္တမြားရတု
၂၁။ ၄၅ နှစ်မြောက် – နီလာရတု
၂၂။ ၅၀ နှစ်မြောက် – ရွှေရတု
၂၃။ ၅၅ နှစ်မြောက် – မြရတု
၂၄။ ၆၀ နှစ်မြောက် – စိန်ရတု
၂၅။ ၇၅ နှစ်မြောက် – ဒုတိယစိန်ရတု
၂၆။ ၉၀ နှစ်မြောက် – နဝရတ်ရတု
၂၇။နှစ် ၁၀၀မြောက် – ရာပြည့်ရတု
Sophia (ရိုးရာလေး)