လူသိနည်းတဲ့ ရှာလကာရည်ရဲ့ အသုံးဝင်ပုံများ

apple-vinager.jpg

ရှာလကာရည်ရဲ့ အကျိုးကျေးဇူးတွေနဲ့ ထူးခြားတဲ့အသုံးဝင်ပုံတွေအားလုံးကို လူတိုင်းမသိကြတာများပါတယ်။ ရှာလကာရည်မှာ ပါဝင်တဲ့ဂုဏ်သတ္တိတွေက အတော်လေးအစွမ်းထက်ပါတယ်။ ဒါက အပင်တွေမှာလည်း ရှာလကာရည်ကို စိတ်ချစွာ အသုံးပြုလို့ရတယ်ဆိုတာကို မသိကြသေးဘူးထင်ပါတယ်။ သစ်ပင်စိုက်ပျိုးရေးတွေမှာလည်း ရှာလကာရည်က နေရာယူလာပါပြီ။

စိုက်ပျိုးရေးမှာ ရှာလကာရည်ကို ဘယ်လိုအသုံးပြုမလဲ

ပေါင်းပင်တွေကို ဖယ်ရှားဖို့အတွက် သဘာဝဓာတုပစ္စည်းတွေမှာ ပိုက်ဆံအသုံးပြုနေတာ ရပ်တန့်ပစ်လို့ရပါပြီ။ ရှာလကာရည်ကို အသုံးပြုပြီး ပေါင်းပင်တွေကို ဖယ်ရှားလို့ရပါတယ်။ ပေါင်းပင်ပေါ် ရှာလကာရည်ကို လောင်းချလိုက်ရုံပါပဲ။ ရှာလကာရည်မှာ ပါဝင်တဲ့အက်စီတစ်အက်ဆစ်က ပေါင်းပင်ကြီးထွားလာမှုကို ရပ်တန့်ပြီး မြေစေးတွေကို ပျက်စီးစေမှာမဟုတ်ပါဘူး။ ရေနဲ့ ရှလကာရည်ရောစပ်မှုကလည်း စိုက်ခင်းထဲက ပုရွတ်ဆိတ်တွေနဲ့ ကိုက်ဖြတ်တဲ့သတ္တဝါတွေကို အဝေးကို သွားစေပါတယ်။ ရှာလကာရည် စားပွဲတင်ဇွန်း (၂) ဇွန်းနဲ့ သကြား စားပွဲတင်ဇွန်း (၁)ဇွန်း ရောစပ်ထားတဲ့ရေကို ပန်းအိုးထဲထည့်မယ်ဆိုရင် ပန်းတွေက အချိန်အကြာကြီး လန်းဆန်းနေပါလိမ့်မယ်။

ရှာလကာရည်က ဈေးကြီးတန်စိုက်ပျိုးရေးပစ္စည်းတွေမှာ အစားထိုးဝင်ရောက်လာနိုင်သလို အိမ်က အညစ်အကြေး၊ အစွန်းအထင်းတွေ သန့်ရှင်းတဲ့အခါမှာလည်း အသုံးပြုလို့ရပါတယ်။

ရှာလကာရည်ကို အိမ်မှာ ဘယ်လိုအသုံးဝင်သလဲ

ရှာလကာရည်က သင့်ရဲ့ရေချိုးခန်း၊ မီးဖိုချောင်၊ အိမ်သာတွေ သန့်စင်သွားအောင် ကူညီပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ရှာလကာရည်နဲ့ အိမ်သာကို သန့်စင်ဖို့ဆိုရင် လိုအပ်တဲ့အရာတွေက

– ရှာလကာရည် (၉) ရာခိုင်နှုန်း

– မုန့်ဖုတ်ဆိုဒါ

ရှာလကာရည်ထည့်ထားတဲ့ဖန်ခွက်ကို (၄၀) ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်ပါ။ အဲဒီနောက် မုန့်ဖုတ်ဆိုဒါနဲ့ ရောစပ်လိုက်ပါ။ ရှာလကာရည် (၂၀၀) ဂရမ်အတွက် ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းလိုအပ်ပါလိမ့်မယ်။ ရောစပ်ထားတဲ့အရည်ကို အိမ်သာခွက်ထဲ လောင်းချပြီး နာရီအကြာကြီး ထားလိုက်ပါ။ သင့်သန့်စင်တဲ့အရာမှာ ရောစပ်ထားတဲ့အရည်တွေ တစ်ညလုံးထားဖို့ဆိုရင် ညနေ့ခင်းလောက်မှာ လုပ်တာပိုပြီးကောင်းပါတယ်။ ရလဒ်ကောင်းကောင်းရဖို့အတွက် အကြိမ်များစွာ ဒီနည်းကို လုပ်ပေးလို့ရပါတယ်။

Ref: Put Vinegar on Your Plants and This Will Happen

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top