ထူးခြားတဲ့ ပလတ်စတစ်စား ဘတ်တီးရီးယားတွေကို ရှာဖွေတွေ့ရှိ

plastic-worm-1024x614.jpg

လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က သုတေသီတွေဟာ ဂျပန်နိုင်ငံက စွန့်ပစ် အမှိုက်ပုံတစ်ခုမှာ ပလတ်စတစ်စား ဘက်တီးရီးယားကို တွေ့ရှိခဲ့ကြပါတယ်။

ဒါကို လေ့လာနေကြတဲ့ သိပ္ပံပညာရှင်တွေဟာ ဒီပလတ်စတစ်စား ဘတ်တီးရီးယားတွေရဲ့ ကြီးမားတဲ့ ခြေဖျက်နိုင်မှု အင်ဇိုင်းတစ်မျိုးကို အမှတ်မထင် ထပ်မံတွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ပလတ်စတစ်တွေကို ဖျက်ဆီးဖို့ အကျိုးရှိတဲ့ လေ့လာမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲဒီ မယုံကြည်နိုင်လောက်တဲ့ အင်ဇိုင်း အမျိုးအစားဟာ နှစ်ရာပေါင်းများစွာတိုင်အောင် ဖြိုဖျက်နိုင်ခြင်း မရှိဘဲ နှစ်စဉ် သမုဒ္ဒရာအထဲကို စွန့်ပစ်နေတဲ့ ပလတ်စတစ် တန်ချိန် သန်းပေါင်းများစွာကို ဖြေရှင်းဖို့ နည်းအဖြစ် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်မှာ ပလတ်စတစ် အသုံးပြုမှုကို လူကြိုက်များ လာခဲ့ပြီးတဲ့နောက် များပြားလှတဲ့ ပလတ်စတစ် စွန့်ပစ် အမှိုက်တွေဟာ သမုဒ္ဒရာအတွင်း မျောပါနေခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအရပ်ရပ်က ကမ်းခြေတွေကို မူလအခြေအနေ ပြန်ရောက်ဖို့ သန့်ရှင်းရေးတွေ လုပ်ရမယ် လို့ ဇီဝဗေဒနှင့် ဇီဝဆေးပညာ အင်စတီကျု၊ ပို့စ်မောက်တက္ကသိုလ်က သိပ္ပံညွှန်ကြားရေးမှူး ပါမောက္ခ ဂျွန်မက်ဂီဟန်က ပြောပါတယ်။

“ပလတ်စတစ် ပြဿနာကို အားလုံး အတူတကွ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ အံ့ဩစရာပစ္စည်းတွေ (ပလပ်စတစ်)ကို သူတို့ကိုယ်တိုင် အခုအချိန်မှာ နည်းပညာကို အသုံးချပြီး စစ်မှန်တဲ့ ဖြေရှင်းနည်းတွေနဲ့ ဖျက်ဆီးရတော့မှာပါ” လို့လည်း ပါမောက္ခ ဂျွန်က ပြောကြားခဲ့ပါတယ်။

ပို့စ်မောက်ဓာတ်ခွဲခန်းနဲ့ အမေရိကန် အမျိုးသားလုံခြုံရေး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဓာတ်ခွဲခန်းမှ သုတေသီတွေက ပလတ်စတစ်စား ဘက်တီးရီးယားတွေရဲ့ အင်ဇိုင်း ဖွဲ့စည်း တည်ဆောက်ပုံကို ဆန်းစစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပလတ်စတစ်ကို ဖြိုဖျက်ဖို့သာ ဖြစ်ပြီး အခြား ဆိုးကျိုးတွေ ရှိမလာဖို့အတွက် အမှားတွေ မလုပ်မိဖို့ လိုပါတယ်။

Catchily Ideonella sakaiensis 201-F6 အဖြစ်လူသိများတဲ့ အဆိုပါအင်ဇိုင်းဟာ ဖြိုဖျက်ဖို့ ခက်ခဲပြီး ပလတ်စတစ် အချိုရည် ပုလင်းနဲ့ အစားအစာ ထုတ်ပိုးဖို့ အသုံးပြုနေတဲ့ polyethylene terephthalate (PET) ကို ထိရောက်စွာ ဖြိုဖျက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် polyethylene furandicarboxylate (PEF) ကို ဘီယာ ပုလင်းတွေအတွက် အသုံးပြုနေတဲ့ (PET) ပလတ်စတစ် နေရာမှာ အစားထိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာကြီးမှာ နှစ်စဉ်နှစ်တိုင်း ပလတ်စတစ်အမှိုက် တန်ချိန် ၃၄၃ သန်း ထွက်နေဆဲဖြစ်ပြီး အခုလို အလွန်အမင်း ဆက်လက်ထွက်နေမယ်ဆိုရင်တော့ ၂၀၅၀ မှာ ငါးတွေကို တွေ့ရဖို့ ပိုပြီး ခက်ခဲလာစေနိုင်ပါတယ်။ ဖြေရှင်းဖို့ လွယ်ကူခြင်း မရှိပေမဲ့ ပလတ်စတစ် သုံးစွဲမှုကို ဆန့်ကျင်သွားမယ်ဆို မျှော်လင့်ချက် ရောင်ခြည်အနည်းငယ်တော့ ရှိနေပါသေးတယ်။

ဒီဖြစ်စဉ်ဟာ လက်ရှိမှာ ဇီဝ အဝတ်လျှော်ဆပ်ပြာနဲ့ ဇီဝ လောင်စာများ ထုတ်လုပ်ရာမှာ အသုံးပြုနေတဲ့ အင်ဇိုင်းတွေရဲ့ ဖြစ်စဉ်နဲ့ တူညီတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒီနည်းပညာကို လာမယ့်နှစ်တွေမှာ ရေရှည် ပြန်လည်အသုံးပြုနိုင်ဖို့ ဖြစ်နိုင်ခြေတွေ ရှိနေပါတယ်။ PEF, PLA နဲ့ PBS လို အခြားအလွှာတွေကို ဖွင့်ဖို့ စက်မှုလုပ်ငန်း အလားအလာဖြစ်စဉ်ကို လေ့လာကာ ပြန်လည်အသုံးပြုမှု (recycle) ကို ပြုလုပ်လာနိုင်မှာပဲ ဖြစ်ပါတယ်။

Ref : iflscience.com

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top