မီးလောင်တဲ့ Greenfell Tower အဆောက်အဦတစ်ခုလုံးဟာ ၁၉၇၀ ခုနှစ်ခန့်က တည်ဆောက်ခဲ့တာဖြစ်ပြီး Apartment ပေါင်း ၁၂၀ ရှိပါတယ်။ မီးဟာ ညပိုင်းမှာ လောင်ကျွမ်းခဲ့တာဖြစ်တဲ့အတွက် အဆောက်အဦမှာ နေထိုင်သူအများစုဟာ အိမ်ရာထဲမှာ ရှိနေကြပါတယ်။
ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကတော့ ခုချိန်ထိ အဆောက်အဦထဲမှာ ပိတ်မိနေတဲ့ လူတွေရှိပြီး အော်ဟစ်သံတွေကို ကြားရတယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးပိတ် သတင်းတွေအရတော့ အကူအညီတောင်းနေတဲ့ လူတွေကိုပါ မြင်ရပြီး ပိတ်မိတဲ့သူတွေထဲမှာ ကလေးငယ်တွေပါ ပါဝင်နေကြပါတယ်။
သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ပိတ်မိနေတဲ့ လူတွေကို ရဟတ်ယာဉ်တွေနဲ့ ရှာဖွေနေပြီး ကယ်ဆယ်ရေးကို အပူတပြင်း လုပ်နေကြတယ်လို့ သိရပါတယ်။
Ref: The Guardian