ဝင်ငွေအများဆုံး ဆယ်လီတွေ စာရင်းမှာ ဘယ်သူတွေပါသလဲ

1497344856drake-ronaldo.jpg

၂၀၁၇ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ဆယ်လီ အယောက် တစ်ရာ စာရင်းကို Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းမှာ ဘယ်သူပါလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

နံပါတ် ၂ နေရာမှာ ရှိတဲ့သူကတော့ ပေါ့ပ် ဘုရင်မ Beyonce ပါပဲ။ သူ့ရဲ့ တစ်နှစ်ပတ်လုံး ဝင်ငွေက ဒေါ်လာ ၁၀၅ သန်းရှိပါတယ်။ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲရဲ့ ပဲ့ကိုင်ရှင် စာရေးဆရာမ J.K Rowling ကတော့ နံပါတ် ၃ နေရာမှာပါ။

အဆိုတော် Drake က နံပါတ် ၄ နေရာနဲ့ ရူပါဖြောင့်တဲ့ ကျောနံပါတ် ၇ ပေါ်တူဂီ ဘောလုံးသမား ရော်နယ်ဒိုကတော့ နံပါတ် ၉ နေရာမှာ ယူထားပါတယ်။ ဆယ်လီနာ ဂိုမက်စ်နဲ့ တွဲခုတ်နေတဲ့ အဆိုတော် Weekend က နံပါတ်၆၊ မြန်မာပရိတ်သတ်တွေပါ သဘောကျတဲ့ အဆိုဝိုင်း Coldplay က နံပါတ် ၈ နေရာကို ယူထားပါတယ်။

ဂျက်စ်တင်ဘီဘာက ဝင်ငွေ ၈၃သန်းကျော်နဲ့ နံပါတ် ၁၃နေရာ၊ ဂျက်ကီချန်းက နံပါတ် ၃၉၊ Calvin Harris ကတော့ နံပါတ် ၄၀ မှာ ရှိနေပါတယ်။ ဘောလိဝုဒ် သရုပ်ဆောင် ရှရွတ်ခန်းနဲ့ ဂျေလိုကတော့ အမှတ်စဉ် ၆၅ နဲ့ ၆၆ မှာ ယူထားပါတယ်။ ဆယ်ကျော်သက်တွေ သဲသဲလှုပ်ကြိုက်တဲ့ Chainsmokers ကတော့ နံပါတ် ၆၅၊ Shape of You အဆိုတော် Ed Sheeran က နံပါတ် ၇၁ မှာရှိနေပါတယ်။

စာရင်းဝင်တဲ့သူ အများစုဟာ ဗြိတိန်၊ အမေရိကန်နိုင်ငံသား ဖြစ်ကြပြီး ဘောလိဝုဒ် ရုပ်ရှင်လောကရဲ့ အထင်ကရ နာမည်ကြီး သရုပ်ဆောင် သုံးဦးနဲ့ ဂျပန် တင်းနစ် ကစားသမား Kei Nishikor တို့လည်း Forbes မဂ္ဂဇင်းရဲ့ စာရင်းမှာ ပါဝင်လာပါတယ်။ နံပါတ် ၁ ကတော့ အမေရိကန် လူမည်း ရက်ပ် အဆိုတော် Puff Daddy ပါ၊ ဝင်ငွေကတော့ သန်း ၁၃ဝပါ။

Ref : Forbes

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top