ကျန်ရှိနေတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကိုလည်း နောက်နှစ်အထိ ရွှေ့ဆိုင်းလိုက်တဲ့ ဂျက်စတင်ဘီဘာ

7-10-2022-yyl08.jpg

ဂျက်စတင်ဘီဘာဟာ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေကြောင့် ကမ္ဘာ့လှည့်ဖျော်ဖြေပွဲတချို့ကို ရပ်နားကြောင်း ကြေညာခဲ့ပြီးနောက်မှာ ကျန်ရှိနေတဲ့ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲတွေကိုလည်း နောက်နှစ်အထိ ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ Justice World Tour က ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ကျင်းပမယ့် ဖျော်ဖြေပွဲအပါအဝင် ကျန်ရှိနေတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ TMZ သတင်းဌာနက ဆိုပါတယ်။

လက်မှတ်ဝယ်ယူထားတဲ့ ပရိသတ်တွေကိုတော့ နောက်ထပ်အခြေအနေတွေသိရတာနဲ့ အသိပေးသွားမှာဖြစ်ပြီး ပြန်လည်ကျင်းပမယ့်ရက်၊ နေရာ၊ မြို့တွေနဲ့ပတ်သက်ပြီး နောက်ထပ်သတင်းတွေကို စောင့်ဆိုင်းသင့်တယ်လို့ ဆိုထားပါတယ်။ ဂျက်စတင်ဘီဘာက ပင်ပန်းနွမ်းနယ်မှုတွေ ခံစားနေရတဲ့အတွက် သူ့ကျန်းမာရေးဦးစားပေးဖို့ ကမ္ဘာလှည့်ဖျော်ဖြေပွဲတချို့ကို ရပ်နားလိုက်တယ်လို့ စက်တင်ဘာလက ပြောခဲ့တာပါ။ အဲဒီမတိုင်ခင်က အာရုံကြောရောဂါလက္ခဏာတစ်ခုကြောင့် မျက်နှာတခြမ်းအကြောသေသွားတဲ့အခြေအနေကိုလည်း ရင်ဆိုင်ခဲ့ရတဲ့အတွက် ဖျော်ဖြေပွဲတွေ ဖျက်ခဲ့ရပါတယ်။

ဖျော်ဖြေပွဲပြန်စတင်ဖို့ လုပ်ခဲ့ပေမဲ့ ကျန်ရှိနေတဲ့ဖျော်ဖြေပွဲတွေကို ခေတ္တရွှေ့ဆိုင်းလိုက်ဖို့ ထပ်ပြီး ဆုံးဖြတ်ခဲ့ရပါတယ်။ ဂျက်စတင်ဘီဘာက Justice World Tour အနေနဲ့ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ ဩစတြေးလျနဲ့ဥရောပတွေမှာ ဖျော်ဖြေဖို့ ကျန်ရှိနေတာဖြစ်ပါတယ်။

Ref: AsiaOne “Justin Bieber reportedly postpones the rest of his world tour”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top