နဖူးမှာ သမီးလေးရဲ့နာမည်ကို တက်တူးထိုးခဲ့တဲ့ အဆိုတော် ပို့စ်မာလုန်း

7-10-2022-yyl07.jpg

ရက်ပ်ပါအဆိုတော် ပို့စ်မာလုန်းဟာ သူ့မျက်နှာမှာ နောက်ထပ်တက်တူးအသစ်တစ်ခုထိုးလိုက်ပြန်ပါပြီ။ အခုတစ်ခါထိုးလိုက်တဲ့တက်တူးအသစ်က မေလမှာ မွေးဖွားခဲ့တဲ့ သူ့သမီးလေးအတွက် ရည်ရွယ်တာပါ။

မျက်နှာအနှံ့တက်တူးတွေထိုးထားတဲ့ ပို့စ်မာလုန်းက သူ့ရဲ့နဖူးမှာ “DDP” ဆိုတဲ့ စာလုံးတွေကို ထိုးခဲ့တာပါ။ ပို့စ်မာလုန်း (နာမည်အရင်း- အော်စတင်ရစ်ချက်ပို့စ်) က သူ့သမီးလေးရဲ့နာမည်အပြည့်အစုံကို ထုတ်ပြောပြမထားပေမဲ့ ဒီတက်တူးအသစ် “DDP” က သူ့သမီးလေးရဲ့နာမည်အစစာလုံးတွေဖြစ်တယ်လို့ TMZ သတင်းဌာနက ဆိုပါတယ်။

“DDP” စာလုံးတွေကို Gothic Font ပုံစံမျိုး ရေးထိုးထားတာဖြစ်ပြီး “Stay Away” တက်တူးရဲ့ အပေါ်၊ ဖဲချပ်ပုံတက်တူးရဲ့ဘေးမှာ ရှိပါတယ်။ တက်တူးပညာရှင် ချက်တ် ရိုဝီက ထိုးပေးခဲ့တာဖြစ်ပြီး ပို့စ်မာလုန်းရဲ့တက်တူးအသစ်ကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ တင်ပေးခဲ့ပါတယ်။

Ref: TheMirror “Post Malone gets new tattoo on his forehead to honour his baby daughter”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top