အခုနှစ်ရဲ့ E! People’s Choice Award ဆုပေးပွဲမှာ ဖျော်ဖြေတင်ဆက်မယ့် ဂျက်စတင်ဘီဘာ

3-11-2020-yyl-018.jpg

ဂျက်စတင်ဘီဘာကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို ဆုပေးပွဲတစ်ခုမှာ မကြာခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ပေါ့ပ်စူပါစတား ဂျက်စတင်ဘီဘာဟာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို နာမည်ကြီးသီချင်းတွေနဲ့ E People’s Choice Awards မှာ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။

ဂျက်စတင်က အခုနှစ် PCA ဆုပေးပွဲရဲ့ဆုစာရင်းမှာ ဆန်ကာစာရင်းအများဆုံးဝင်ခဲ့တဲ့အမျိုးသားအဆိုတော်ဖြစ်ပါတယ်။ ဆုစာရင်းမှာ ဆန်ကာတင်စာရင်းအများဆုံးဝင်ခဲ့တဲ့အမျိုးသမီးအဆိုတော်ကတော့ လေဒီဂါဂါ (Lady Gaga) ပါ။ ဂျက်စတင်က Male Artist of 2020၊ Intentions နဲ့ Stuck With U သီချင်းတွေနဲ့ Song of 2020၊ Changes သီချင်းနဲ့ Album of 2020၊ Music Vidoe of 2020၊ Collaboration of 2020 နဲ့ Social Celebrity of 2020 ဆု တွေအပါအဝင် ဆု (၇) ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။

ဂျက်စတင်က ဆု (၇) ဆုအတွက် ရင်ခုန်စွာနဲ့ ပွဲတက်ရောက်ရမှာဖြစ်တဲ့အပြင် ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီဆုပေးပွဲအခမ်းအနားကို အဆိုတော် ဒယ်မီလိုဗာတိုC (Demi Lovato) ကလည်း အစီအစဉ်မှူးအဖြစ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဂျနီဖာလိုပက်ဇ်က Icon of 2020 ဆုကို လက်ခံပေးရမှာဖြစ်တဲ့အပြင် တေလာ ပယ်ရီ နဲ့ ထရာစီ အီလစ် ရိုစ်တို့က People’s Champion Award နဲ့ Fashion Icon Award တို့နဲ့ ဂုဏ်ယူချီးမြှင့်ခံရမှာဖြစ်ပါတယ်။

မကြာသေးခင်ကမှ ဂျက်စတင်က Holy နဲ့ Lonely သီချင်းတွေကို ထွက်ရှိပေးခဲ့တာပါ။ Holy သီချင်းက Spotify Global Chart မှာ နံပါတ် ၁ ရရှိခဲ့ပြီး ထွက်ရှိခဲ့တဲ့အပတ်မှာပဲ ကြည့်ရှုသူ သန်း (၁၂၀) ကျော်ရှိခဲ့ပါတယ်။ အခုဆိုရင် Holy နဲ့ Lonely သီချင်း (၂) ပုဒ်လုံးက ကမ္ဘာတစ်ဝှမ်းရဲ့Top 10 စာရင်းမှာ ပါဝင်နေပါတယ်။ ဂျက်စတင်ရဲ့ (၅) ခွေမြောက် Changes ကလည်း အမေရိကန် အယ်လ်ဘမ်ဇယားမှာ နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့ပါတယ်။ အခုဆိုရင် ဂျက်စတင်က YouTube Subscriber သန်း (၅၀) ကျော်ပိုင်ဆိုင်ထားတဲ့ ပထမဆုံးအနုပညာရှင်လည်းဖြစ်နေပါတယ်။

E! People’s Choice Award ဆုပေးပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Ref: Eonline “Justin Bieber to Perform at the 2020 E! People’s Choice Awards”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top