အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ ကြွယ်ဝလာတဲ့ Amazon သူဌေး ဂျက်ဖ်ဘီဇော့

171020121828-jeff-bezos-texas-1024x576.jpg

အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလရဲ့ စတုတ္ထမြောက် ကြာသာပတေးနေ့မှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့ အပြီးနောက်နေ့၊ နိုင်ငံရဲ့ ခရစ္စမတ်ဈေးပွဲတော် နေ့ရက်ဖြစ်တဲ့ Black Friday ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက် (သောကြာနေ့)မှာ ကျရောက်ခဲ့ပါတယ်။

ဒီလို ဈေးပွဲတော်နေ့ဖြစ်တဲ့ Black Friday နေ့မှာ စာဖတ်သူလည်း Amazon ကနေ ပစ္စည်းတစ်ခုခု ဝယ်ယူခဲ့မယ်ဆိုရင်၊ ဂုဏ်ယူပါတယ်။ စာဖတ်သူလည်း Amazon သူဌေး ဂျက်ဖ်ဘီဇော့ကို ဒေါ်လာ ဘီလီယံ ၁၀၀ အထိကြွယ်ဝအောင် ကူညီပေးခဲ့တဲ့ လူတွေထဲက တစ်ယောက်ပါပဲ။

Amazon တည်ထောင်သူဖြစ်ပြီး ရှယ်ယာအများဆုံး ပိုင်ဆိုင်တဲ့ ဂျက်ဖ်ဘီဇော့ အတွက် အခုလို ဂဏန်း ၁၂ လုံးရှိတဲ့ ပိုင်ဆိုင်မှု (ဘီလီယံ ၁၀၀) ရရှိလာခဲ့တာဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ဘီလီယံနာတွေရဲ့ ပိုင်ဆိုင်မှုတွေကို လေ့လာနေတဲ့  Bloomberg ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဘီလီယံနာတွေရဲ့ ပိုင်ဆိုင်မှုတွေကို လေ့လာနေတဲ့ နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Forbes ကတော့ ဂျက်ဖ်ဘီဇော့ဟာ ဒေါ်လာ ၉၉.၆ ဘီလီယံသာချမ်းသာတယ်လို့ဖော်ပြထားပါတယ်။

အမေဇုံရဲ့ စတော့ရှယ်ယာဈေးတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ ၂.၅ ရာခိုင်နှုန်းခန့် ထိုးတက်သွားခဲ့တာကြောင့် ဂျက်ဖ်ဘီဇော့ တစ်ယောက် အခုလို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတာပါ။ ပြီးခဲ့တဲ့ ကျေးဇူးတော်နေ့နဲ့ Black Friday နှစ်ရက်ပေါင်း ရှယ်ယာဈေးများဟာ မနှစ်က ထိုရက် ၂ ရက်ရဲ့ ရှယ်ယာဈေးများနဲ့ နှိုင်းယှဉ်ရင် ၁၈ ရာခိုင်နှုန်းအထိ ကျော်တက်ခဲ့တာဖြစ်ပြီး ဘီဇော့ဟာ Black Friday တစ်ရက်တည်းမှာကို ဒေါ်လာ ၂.၄ ဘီလီယံ အထိ ဝင်ငွေရခဲ့တယ် လို့သိရပါတယ်။

ဘီဇော့ဖ်ဟာ ဒေါ်လာ ၉၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ အမေဇုံရဲ့ ရှယ်ယာ ၇၈.၉ သန်းကို ပိုင်ဆိုင်သူဖြစ်တဲ့ အပြင် တခြားကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Washington Post နဲ့ အာကာသ ခရီးသွားကုမ္ပဏီဖြစ်တဲ့ Blue Origin ကိုလည်း ပိုင်ဆိုင်သူတစ်ယောက်ပါ။

အမေဇုံရဲ့ ရှယ်ယာများဟာ ဒီနှစ်အတွင်း ၅၈ % အထိထိုးတက်ခဲ့ပြီး ဘီဇော့ဖ်ကို ဒေါ်လာ ၃၄ ဘီလီယံအထိ ကြွယ်ဝစေခဲ့ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ သောကြာနေ့ တစ်ရက်တည်းမှာရခဲ့တဲ့ ဒေါ်လာ ၂.၄ ဘီလီယံ နဲ့တင်ဂျက်ဖ်ဘီဇော့တစ်ယောက် Forbes ရဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အယောက် ၁၀၀၀ စာရင်းထဲမှာ ပါနေပါပြီ။

ဘီဇော့ဖ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဘီလ်ဂိတ်ကို ကျော်လွန်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး အောက်တိုဘာလအရောက်မှာ ဘီလ်ဂိတ်နောက်ကို ပြန်ကျသွားခဲ့ပါတယ်။ ဘီလ်ဂိတ်ဟာ လက်ရှိအချိန်မှာ ဒေါ်လာ ၈၉ ဘီလီယံနဲ့ ဂျက်ဘီဇော့နောက် ဒုတိယ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်ရပ်တည်နေပါတယ်။

နောက်ပိုင်းကာလတစ်ယောက် ဘီလီယံ ၁၀၀ ကျော်အထိ ချမ်းသာခဲ့ဖူးတာဟာ ဘီလ်ဂိတ် တစ်ယောက်တည်းသာရှိပြီး ၁၉၉၉ ခုနှစ်မှာ အင်တာနက် စတော့ရှယ်ယာများ မြင့်တက်တဲ့အချိန်တုန်းက ဒေါ်လာ ဘီလီယံ ၁၀၀ အထိကြွယ်ဝခဲ့တာပါ။ အခုတော့ ဘီဇော့က ဒုတိယမြောက် ဒေါ်လာ ဘီလီယံ ၁၀၀ ချမ်းသာကြွယ်ဝတဲ့ လူတစ်ယောက်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။

Ref : CNN News : Jeff Bezos is now worth $100 billion

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top