ကန်နေးဝက်စ် နဲ့ အီရီနာရှက်ခ်တို့ ချိန်းတွေ့နေတဲ့သတင်းများထွက်ပေါ်နေ

9-6-2-21-yl-33.jpg

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က လူမှုကွန်ယက်ပေါ်မှာ အဆိုတော် ကန်နေးဝက်စ်နဲ့ မော်ဒယ် အီရီနာရှက်ခ်တို့ရဲ့ပုံတွေ ပျံ့နှံ့လာခဲ့ပါတယ်။ အခုဆိုရင် သတင်းဌာနတော်တော်များများမှာ သူတို့နှစ်ဉီးချိန်းတွေ့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ ကန်နေးဝက်စ်က သူ့ဇနီးဖြစ်သူ ကင်မ် ကာဒါရှန် (Kim Kardashian) နဲ့ ကွာရှင်းပြတ်ဆဲပြီးတဲ့နောက်မှာ ဒီသတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

“ကန်နေးနဲ့ အီရီနာတို့ဟာ နွေဉီးအစမှာ တွေ့ဆုံမိခဲ့ကြပြီး အဲဒီကတည်းက အဆက်အသွယ်ရှိနေခဲ့ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်မတိုင်ခင်ကထိ အချင်းချင်း ပုံမှန်တော့မတွေ့ဖြစ်ခဲ့ကြဘူး။ ကန်နေးက အီရီနာကို ပိုးပန်းခဲ့တာ”လို့ သတင်းဌာနတစ်ခုမှာ ဖော်ပြထားပါတယ်။

နောက်ထပ် Source တစ်ခုကတော့ “သူတို့အချင်းချင်းတွေ့ဖြစ်ကြပြီး အဲဒီအခိုက်အတန့်မှာတော့ ပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမဲ့ သူတို့အချင်းချင်း စိတ်ဝင်စားနေကြတယ်” လို့ အတည်ပြုထားပါတယ်။ Source တွေကို ကြည့်မယ်ဆိုရင် ကန်နေးနဲ့ အီရီနာတို့က အချင်းချင်းအကဲခတ်နေတဲ့အခြေအနေပဲ ရှိသေးပုံရပါတယ်။

ဂီတလောကက နောက်ထပ် source တစ်ခုကလည်း “ကန်နေးက ကင်မ်နဲ့ မကွာရှင်းကတည်းက အီရီနာနဲ့ တွေ့နေကြတာပါ။ အီရီနာကို ကန်နေး ပိုးပန်းနေခဲ့တာကြာလှပြီ” လို့ ဆိုပါတယ်။ အီရီနာက ၂၀၁၀ခုနှစ်ကထွက်ရှိခဲ့တဲ့ ကန်နေးရဲ့ Power ဆိုတဲ့ သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ (၂) နှစ်အကြာမှာတော့ ကန်နေးရဲ့ Yeezy brand အတွက် ရှိုးလျှောက်ပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကတော့ အီရီနာက ဘောလုံးအကျော်အမော ရော်နယ်ဒိုနဲ့ တွဲနေခဲ့တာပါ။

ကန်နေးဝက်စ်နဲ့ ကင်မ် ကာဒါရှန်တို့ဟာ ဖေဖော်ဝါရီလက တရားရုံးမှာ ကွာရှင်းခွင့်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ကင်မ်ကတော့ သူ့ရဲ့ ကလေး (၄) ဉီးအပေါ်နဲ့ အနုပညာအလုပ်အပေါ် အာရုံစိုက်ဖြစ်နေပါတယ်။ ဒါပေမဲ့ ဆင်ဂယ်အဖြစ်တော့ နေသွားမှာမဟုတ်ပါဘူး။ “တစ်သက်လုံးတော့ ဆင်ဂယ်အဖြစ် ရှိနေတာ သူ့ကိုယ်ကိုယ် မမြင်ချင်ပါဘူး။ သူ့ရဲ့ပထမဉီးစားပေးက သူ့ရဲ့ကလေးတွေနဲ့ သူ့အလုပ်ပါပဲ။ ဒါပေမဲ့ သူ့ဘဝကို မျှဝေပေးနိုင်မယ့် သူတစ်ယောက်ကိုတော့ ရှာဖွေမှာပါ။ ကွာရှင်းခွင့်တောင်းတဲ့အချိန်မှာ ကင်မ် တကယ်ကို ရုန်းကန်နေခဲ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး အရမ်းစိတ်ပျက်ပြီး ကွာရှင်းခွင့်မတင်ချင်ခဲ့ဘူး။ ဒါပေမဲ့ သူ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သူ ယုံကြည်ထားတာပါ” လို့ ကင်မ်နဲ့ ရင်းနှီးတဲ့ source က ဆိုထားပါတယ်။

Ref: Tribune “After divorce with Kim Kardashian, Kanye West reportedly dating Irina Shayk”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top