ကျွန်တော်တို့ရဲ့ ဒေတာတွေကို Facebook က ဘယ်လိုသိမ်းပေးထားသလဲ

21267728_10110519477908865_1022841449_o1.jpg

ယနေ့ခေတ်မှာ လူတိုင်းလိုလို facebook ကို သုံးစွဲဖြစ်နေမှာတော့ ပြောစရာမလိုလောက်တော့ပါဘူး။ သုံးစွဲတဲ့ ခေါင်းစဉ်သာ ကွာချင်ကွာသွားမယ်၊ နေ့တိုင်းနီးပါး facebook သုံးဖြစ်နေမှာ သေချာသလောက်ပါ။

တစ်ခါတစ်လေတော့ နောက်ဆုံးပေါ် သတင်းတွေလောက်ပဲ ဖတ်မယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့စကားပြောမယ်။ ခရီးတွေဘာတွေ ထွက်ချင်တာဖြစ်ဖြစ် အစားအသောက် အသစ်အဆန်း တစ်ခုခုစားချင်တာပဲဖြစ်ဖြစ် နေရာကောင်းလေးတွေရှာမယ်။ တစ်ခါတစ်လေ ပုံလေးတွေတင်မယ်။ လုပ်ငန်းနဲ့ပတ်သတ်တာတွေ ရှာမယ်၊ ဖွေမယ်၊ ပြန်တင်မယ်၊ ပြန်ဝေမျှပေးမယ် အစရှိသဖြင့် သုံးကြမှာပါပဲ။ တစ်နေ့တစ်နေ့ သန်းပေါင်းများစွာသောလူများရဲ့ facebook ပေါ် တင်ကြ သိမ်းဆည်းကြတဲ့ ဒေတာတွေ Facebook platform ကိုသုံးပြီး လုပ်ကိုင်နေတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ application တွေကို ဘယ်လိုများ သိမ်းဆည်းပေးထားပါသလဲ။

၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှာ Mark Zukerberg ရဲ့ ကွန်ပျုတာတစ်လုံး ဆာဗာတစ်ခုနဲ့ စတင်ခဲ့တဲ့ facebook ဟာ အခုဆိုရင် နေရာအနှံ့မှာ များစွာသော ဒေတာစင်တာတွေ တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ပထမဆုံးဖွင့်လှစ်တဲ့  ဒေတာစင်တာကတော့ Oregon ပြည်နယ်၊ Prineville မြို့လေးမှာဖြစ်ပြီး ၂၀၁၁ ဧပြီလမှာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒေတာစင်တာတစ်ခုခြင်းစီမှာ ဆာဗာပေါင်း တစ်သောင်းကျော်ကို ဖိုင်ဘာကေဘယ် ပေါင်းများစွာနဲ့ ချိတ်ဆက်ထားပါတယ်။

အသုံးပြုသူတစ်ယောက်ခြင်းစီရဲ့ home page ကို loading လုပ်ဖို့ဆိုတာ နောက်ကွယ်မှာ ဆာဗာပေါင်းများစွာကို ချိတ်ဆက်ရင်း အချက်အလက်များစွာ process လုပ်ရပါတယ်။ ရွေးချယ်ရရှိလာတဲ့ သတင်းအချက်အလက်တွေကို တစ်စက္ကန့်အတွင်း ပို့ဆောင်မှု လုပ်ပေးရပါတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ လက်ရှိမှာ Forest City, North Carolina, Lulea, Sweden, Altoona နဲ့ Lowa တို့မှာ ဒေတာစင်တာတွေ တည်ဆောက်ထားပြီး ဖြစ်သကဲ့သို့ Fort Worth, Texas, Clonee, Ireland, Los Lunas နဲ့ New Maxico တို့မှာလည်း ဆက်လက်ဆောက်လုပ်နေပါသေးတယ်။

အသုံးပြုသူတိုင်းရဲ့လိုအပ်ချက်တွေကို အချိန်နှင့်တစ်ပြေးညီ ဖြည့်စည်းနိုင်ဖို့ facebook ဟာ အလွန် အစွမ်းထက်တဲ့ ကွန်ပျုတာများကို လိုအပ်ပါတယ်။ ဒါပေမယ့် နာမည်ကြီး HP တို့ Dell တို့ဆီက ဈေးကြီးတဲ့ ဆာဗာများကိုဝယ်ဖို့ထက် facebook ဟာ သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ ဆာဗာတွေကို တည်ဆောက်ထားပါတယ်။ ဆာဗာအသစ်ဖြစ်တဲ့ Bryce Canyon ကို ဓာတ်ပုံတွေ ဗီဒီယိုတွေ သိမ်းဆည်းဖို့အတွက်သုံးပြီး Yosemite v2 နဲ့ Tioga Pass ကို တွက်ချက်မှုကိစ္စတွေနဲ့  processing လုပ်ဖို့ သုံးပါတယ်။ နောက်ထပ် ဆာဗာအသစ် ဖြစ်လာမယ့် Big Basin ကို facebook ရဲ့ နောက်ထပ်လာမယ့် AI လို တွက်ချက်မှုတွေအများကြီးပြုလုပ်ရတဲ့ recognize လုပ်ရတဲ့ အချက်အလက်တွေအတွက်သုံးမယ်လို့ သိရပါတယ်။ Facebook မှာ အလုပ်လုပ်တဲ့ အင်ဂျင်နီယာမန်နေဂျာ Eran Tal က Intel က chip တွေကို ဆာဗာတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့ အားဖြည့်တဲ့နေရာမှာ အသုံးပြုပြီး Nvidia ကို graphic အရည်အသွေး ပိုမိုကောင်းမွန်စေဖို့နဲ့ AI ပိုင်းဆိုင်ရာတွေမှာ သုံးပါတယ်တဲ့။

Ref : The Facebook Data Center

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top