ရုံးချိန်အတွင်း လုပ်ကြည့်သင့်တဲ့ ယောဂပုံစံများ

yoga-poses.jpg

တကယ်လို့သင်ဟာ ရုံးအလုပ် လုပ်နေတဲ့သူဖြစ်ရင် အချိန် တော်တော်များများမှာ ကွန်ပျူတာရှေ့ အီးမေးလ်တွေစစ်တာ၊ အစီရင်ခံစာတွေ ရေးတာ၊ စာရင်းဇယားတွေ လုပ်ရတာအစရှိသဖြင့် တစ်နေကုန်ထိုင်နေရလောက်မှာပါ။

ခဏနားချိန်မှာတောင် မနားနိုင်ပဲ အလုပ်တွေ ရှုပ်နေတယ်ဆိုရင်တော့ နှလုံးအားနည်းခြင်း၊ ကျောရိုး ကိုက်ခဲခြင်း၊ မျက်ကြောကိုက်ခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ အလုပ်လုပ်ရင်း အလွယ်တကူလုပ်လို့ရတဲ့ ယောဂပုံစံလေးတွေက ဒါတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။

ခါးနဲ့လက်ချောင်းများ ဖြေဆန့်ခြင်း

ဆက်တိုက်စာရိုက်နေရတာက ကျောရိုးမကြီးနဲ့လက်ချောင်းလေးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုအခြေအနေကနေ ဖြေရှင်းဖို့ကတော့ ဖြေလျော့မှု တစ်ချို့လုပ်ပေးဖို့ပါပဲ။ အရင်ဆုံး လက်မောင်းတွေကို သင့်ရဲ့အရှေ့ဘက်ကိုစိုက်ချပြီး ငါးခါ သို့မဟုတ် ဆယ်ခါလောက် အတွင်းဘက်နဲ့ အပြင်ဘက်ကို စက်ဝိုင်းပုံစံ ဝှေ့ရမ်းပေးပါ။ အလားတူ လက်သီးဆုပ်လိုက်ဖြန့်လိုက် လုပ်တာကိုလည်း ငါးခါ သို့မဟုတ် ဆယ်ခါလောက်လုပ်ပေးပါ။ စိတ်ထဲမှာ တင်းကြပ်သလိုခံစားရရင် လက်တွေကို လှုပ်ခါပေးပါ။

Cat Cow Stretch ပြုလုပ်ခြင်း

Cat Cow Stretch ဆိုတာ ခါးကို မတ်မတ်ထိုင်ရင်း တင်ပါးကိုကွေးကာ ရင်ကိုဖွင့်ပြီး ထိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ ပထမဆုံး ခြေဖဝါးနှစ်ဖက်ပေါ်မှာ မတ်မတ်ထိုင်ပါ။ အသက်ရှူသွင်းတဲ့ အခါ ကျောရိုးကိုကိုင်းလိုက်ပြီး ခဏစောင့်ပါ။ ပြန်ရှူထုတ်တဲ့အခါ ကုန်းထားတဲ့ပုခုံးနှစ်ဖက်ကို နောက်ကိုပြန်လှန်လိုက်ပါ။ ဒီပုံစံကိုလည်း ငါးခါ ကနေ ဆယ်ခါလောက်လုပ်ပေးပါ။

Desk upward dog ပုံစံဖြေလျော့ခြင်း

ဒီပုံစံက ပုံမှန်ယောဂပုံစံဆိုရင် ကြမ်းပေါ်မှာ ခြေဖဝါးကနေ ခါးအထိ မှောက်ထားရပြီး ခါးကနေအပေါ်ပိုင်းကို နောက်ကို ပြန်ကွေးရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ရုံးမှာဆိုရင်တော့ မှောက်ဖို့ထိမလိုပါဘူး။ စားပွဲကို လက်ထောက်ပြီး ခါးအောက်ပိုင်းကို ဆန့်ဆန့်ထားကာ ခါးကနေ ခေါင်းအထိကို နောက်ပြန်လှန်နိုင်သလောက် လှန်ပေးပါ။ အသက်ပြင်းပြင်းရှူရှိုက်ရင်း စိတ်ထဲမှာ ဂဏန်းအနည်းငယ် ရေတွက်နေလိုက်ပါ။ ပြီးရင် နဂိုပုံစံပြန်သွားပြီး နောက်တစ်ခေါက်ပြန်လုပ်ပါ။

ခုံမှာထိုင်ရင်း ဘယ်ညာလှည့်ခြင်း

ကျောရိုးမကြီးနာကျင်ခြင်းဟာ အချိန်အကြာကြီး ပုံစံတစ်ခုထဲထိုင်နေခြင်း သို့မဟုတ် ထိုင်တဲ့ပုံစံ မှားနေခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒါကိုသက်သာစေဖို့ ခုံမှာထိုင်နေရင်း ဘယ်ညာလှည့်တဲ့ လေ့ကျင့်ခန်း ကို လုပ်ကြည့်ပါ။ အရင်ဆုံး ထိုင်ခုံမှာ မတ်မတ်ထိုင်ပါ။ ဘယ်ဘက်လက်နဲ့ ခုံကိုကိုင်ပြီး ခန္တာကိုယ်ကို ညာဘက်လှည့်ပါ။ ပြီးရင် ညာဘက်ကိုလည်း ဒီပုံစံအတိုင်းလှည့်ပါ။ လှည့်လိုက်တဲ့အချိန်တိုင်းမှာ အသက်ကို ရှူသွင်း ရှူထုတ်လုပ်ပါ။

Ref: healthybuilderz : Office Yoga Workouts to Try

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top