ဂရမ်မီဆုပေးပွဲမှာ တစ်သက်တာ ရည်မှန်းချက်ပြည့်ဝခဲ့တဲ့ အဒဲလ်

7.2.2023-yyl-image-1.jpg

ဂရမ်မီဆုပေးပွဲမှာ အဖွင့်နှုတ်ခွန်းဆက်စကား ပြောနေရင်း အခမ်းအနားမှူး ထရီဗာနိုအာက ဗြိတိန်အဆိုတော် အဒဲလ်ရဲ့ဝိုင်းနား လျှောက်သွားခဲ့ပြီး အဒဲလ်ရဲ့ လူသိနည်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောခဲ့ပါတယ်။ အဒဲလ်က သူ့ဘဝမှာ တစ်ခါလောက်တော့ ဒဝိန်းဂျွန်ဆင်နဲ့ လူချင်းဆုံတွေ့ချင်နေတဲ့ အကြောင်းပါပဲ။

ဒီပွဲမှာ ဒဝိန်းဂျွန်ဆင်လို့ အမည်ရသူ လာမတက်ပေမဲ့ The Rock (ဒဝိန်းဂျွန်ဆင်ရဲ့ နပန်းအမည်)ဆိုတဲ့လူတော့ ရှိတယ်လို့ ထရီဗာနိုအာက အရွှန်းဖောက်ခဲ့ပြီးနောက်မှာတော့ အဒဲလ်ရဲ့ခုံနောက်ဘက်ကို ဒဝိန်းဂျွန်ဆင် ရောက်လာခဲ့တာပါ။ အံ့အားသင့်နေတဲ့ အဒဲလ်ကလည်း ဒဝိန်းဂျွန်ဆင်ကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။

အဒဲလ်ဟာ ငယ်ငယ်တုန်းက နပန်းပွဲတွေကို အားပေးခဲ့သူဖြစ်ပြီး အမေရိကန် နပန်းသမား တစ်ဖြစ်လဲ မင်းသား ဒဝိန်းဂျွန်ဆင်ရဲ့ အမာခံပရိသတ်ပါ။ တကယ်တော့ ဒဝိန်းဂျွန်ဆင်ကလည်း အဒဲလ်ရဲ့ပရိသတ် ဖြစ်နေတာပါ။

၆၅ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ Easy On Me သီချင်းနဲ့ Best Pop Solo Performance ဆု ဆွတ်ခူးခဲ့တဲ့ ဗြိတိန်အဆိုတော် အဒဲလ်ကို ဒဝိန်းဂျွန်ဆင်က ဆုပေးအပ်ခဲ့ပါတယ်။ အဒဲလ်ဟာ ဂရမ်မီဆုကို ၁၆ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီဆုက သူ့ရဲ့သား အန်ဂျလိုအတွက် ရည်ရွယ်တယ်လို့ ဆိုခဲ့ပါတယ်။

Ref: The Rock made Adele’s dream come true at the Grammys

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top