နှစ် ၆၀ ကြာမှ အထက်တန်းဒီပလိုမာဘွဲ့ကို ရယူနိုင်ခဲ့တဲ့ အဘိုးအို

31-5-2022-yyl-04.jpg

ကယ်လီဖိုးနီးယားပြည်နယ်က တတ်ဆမ်စ် ဆိုတဲ့ အဘိုးအိုဟာ လွန်ခဲ့တဲ့ နှစ် ၆၀ က အထက်တန်းဒီပလိုမာဘွဲ့ကို မရခဲ့လို့ နောင်တရနေခဲ့ရတာပါ။ အခုတော့ အသက် ၇၈ နှစ်အရွယ်မှာ အထက်တန်းဒီပလိုမာဘွဲ့ကို ရယူနိုင်ခဲ့ပါပြီ။ မေလ ၂၇ ရက်နေ့က ကယ်လီဖိုးနီးယားတောင်ပိုင်းရဲ့ San Gabriel High School မှာ ဘွဲ့ဝတ်စုံဝတ်ပြီး အထက်တန်းဒီလိုမာဘွဲ့ကို ယူခဲ့ပါတယ်။

၁၉၆၂ခုနှစ်က အဘိုးတတ်ဆမ်စ် အထက်တန်းကျောင်းတက်ရောက်ခဲ့ချိန် ကျောင်းနောက်ဆုံးနှစ်မတိုင်ခင် ပြဿနာဖြစ်ပြီး ကျောင်း (၅) ရက် ရပ်နားခံခဲ့ရပါတယ်။ အဲဒီအတောအတွင်း အရေးကြီးတဲ့ နောက်ဆုံးစာမေးပွဲတစ်ခုလည်း လွတ်သွားခဲ့တယ်လို့ အဘိုးတတ်ဆမ်စ်က ပြောပါတယ်။

” ကျောင်းပြီးသွားတော့ ကျောင်းမှာ စာအုပ်တစ်အုပ်ဖိုး ဒေါ်လာ ၄.၈၀ အကြွေးတင်ထားတာကြောင့် ကျောင်းက ကျွန်တော့်ကို ဒီပလိုမာမပေးဘူး။ အဲဒါကြောင့် ဒီပလိုမာမပေးလည်း ရတယ်လို့သာပြောခဲ့ပြီး ထွက်သွားလိုက်တယ်”လို့ အဘိုးတက်ဆမ်စ်က ပြောပါတယ်။ အဘိုးတတ်ဆမ်စ်ရဲ့မူရင်းဒီပလိုမာဘွဲ့က ကျောင်းရဲ့စာရွက်စာတမ်းဟောင်းတွေထည့်ထားတဲ့ ဗီရိုထဲမှာ ရှိနေတုန်းပါပဲ။

နှစ် ၆၀ ကြာမှ အထက်တန်းဒီပလိုမာဘွဲ့ယူတော့ အဘိုးတတ်ဆမ်စ်က ပြုံးပျော်ရွှင်စွာနဲ့ ဘွဲ့နှင်းသဘင်စင်မြင့်ကို တက်ပြီး ဒီပလိုမာဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။ အဘိုးတတ်ဆမ်စ်က သူ့ရဲ့သား၊သမီးတွေကို ဒေါ်လာ ၄.၈၀ အကြွေးတင်တာကြောင့် ဒီပလိုမာမရခဲ့တာကို နှစ်တော်တော်ကြာ ညည်းညူပြောဆိုပြခဲ့တာပါ။

အဘိုးတတ်ဆမ်စ်က အထက်တန်းဒီပလိုမာဘွဲ့ကို သူ့အိမ်နံရံမှာ ချိတ်ဆွဲထားဖို့ အစီအစဉ်ရှိနေပါတယ်။

Ref: ABCNews “California man, 78, gets high school diploma 6 decades later”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top