မဖြစ်နိုင်ဘူးလို့ ယူဆကြတဲ့ နည်းလမ်းသုံးပြီး ပိုက်သာဂိုရသီအိုရမ်ကို သက်သေပြခဲ့တဲ့ အထက်တန်းကျောင်းသူနှစ်ဦး

30.3.2023-yyl-iamge-8.jpg

နှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ပိုက်သာဂိုရသီအိုရမ်ကို တြီဂိုနိုမေတြီဘာသာရပ်နဲ့ သက်သေပြခဲ့တဲ့ အထက်တန်းကျောင်းသူနှစ်ဦးကတော့ သင်္ချာပညာရှင်တွေကြား ဟိုးလေးတကျော် ဖြစ်နေပါတယ်။ ပိုက်သာဂိုရသီအိုရမ်ဟာ တြီဂိုနိုမေတြီဘာသာရပ်ရဲ့ အခြေခံဖြစ်လို့ အဲဒီသီအိုရီကို တြီဂိုနိုမေတြီနဲ့ သက်သေပြဖို့ မဖြစ်နိုင်ဘူးလို့ သင်္ချာပညာရှင်တွေက ယူဆခဲ့ကြတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ အမေရိကန်သင်္ချာအဖွဲ့အစည်းရဲ့ နှစ်စဉ်ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နယူးအော်လင်းမြို့မှ အထက်တန်းကျောင်းသူ နှစ်ယောက်က ပိုက်သာဂိုရသီအိုရမ်ကို တြီဂိုနိုမေတြီဘာသာရပ်နဲ့ သက်သေပြချက်ကို တင်သွင်းခဲ့တာပါ။

ထောင့်မှန်တြိဂံမှာ ကျန်အနားနှစ်ခုရဲ့ အလျားနှစ်ထပ်ကိန်းရင်းများ ပေါင်းခြင်းဟာ ထောင့်မှန်ခံအနားနှစ်ထပ်ကိန်းနဲ့ ညီတယ် (a squared + b squared = c squared)ဆိုတဲ့ ပိုက်သာဂိုရသီအိုရမ်ကို sin2x+cos2x=1 ဆိုတဲ့ Law of Sines သီအိုရမ်နဲ့ သက်သေပြချက် ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

Ref: High School Students Make Mathematical Discovery Unproven For 2,000 Years

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top