သဘာဝအတိုင်း အသားအရေကြည်လင်ဝင်းပသွားစေမယ့် နည်းလမ်းလေးချက်

skin1.png

လူတော်တော်များများက နုပျိုလန်းဆန်းတဲ့အသားအရေနဲ့ ကြည်လင်ဝင်းပတဲ့အသားအရေတွေကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့ အသားအရေမွဲခြောက်ခြောက် ဖြစ်လာတတ်ပါတယ်။ လူအများစုရဲ့အသားအရေက အသက်၃၀အရွယ်မှာ မဲညစ်ပြီး ပျက်စီးလာတတ်ပါတယ်။ ဒီလိုမျိုးတွေ မကြုံတွေ့ရဖို့အတွက် အိမ်တွင်းနည်းလမ်းတွေနဲ့ သဘာဝအတိုင်း အသားအရေကြည်လင်ဝင်းပသွားစေဖို့ ကြိုးစားကြည့်ရအောင်…

သခွားသီး

သခွားသီးမှာ သဘာဝအလျောက်ပါဝင်တဲ့ဓာတ်က အသားအရေကို ဖြူဝင်းစေပြီး ဗီတာမင်အေကလဲ အသားအရေရဲ့ မီလနင်းဒြပ်ထုတ်လုပ်မှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သခွားသီးတစ်လုံးကို ခြစ်လိုက်ပြီး သခွားသီးအရည်ကို မျက်နှာပေါ်မှာ လိမ်းလိုက်ရုံပါပဲ။ (၁၅) မိနစ်လောက် ထားလိုက်ပြီးနောက် မျက်နှာသစ်လိုက်ပါ။ ဒီနည်းကို တစ်လလောက် လုပ်ကြည့်မယ်ဆိုရင် မဲညစ်တဲ့အသားအရေကို ဖြူဝင်းသွားစေမှာပါ။

ဒိန်ချဉ်

ဒိန်ချဉ်မှာ အသားအရေ ဖြူဝင်းစေတဲ့ လက်တစ်အက်ဆစ်ပါဝင်ပါတယ်။ ဒိန်ချဉ်ကို မျက်နှာပေါ်မှာ မိနစ်အနည်းငယ်လောက် လိမ်းထားလိုက်ပါ။ အဲဒီနောက် ရေနဲ့ မျက်နှာသန့်စင်လိုက်ပါ။ ဒီနည်းက အသားအရေကို ကြည်လင်ဝင်းပစေတဲ့အပြင် တင်းတိပ်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

လိမ္မော်သီး

လိမ္မော်သီးကလဲ အသားရေကြည်လင်ဝင်းပစေတဲ့ ဂုဏ်သတ္တိများပါဝင်ပါတယ်။ လိမ္မော်သီးအဖတ်တွေချည်း လက်ဖက်ရည်ဇွန်း (၂) ဇွန်းကို နနွင်းမှုန့်အနည်းငယ်နဲ့ ရောစပ်လိုက်ပါ။ အိပ်ရာမဝင်ခင် အဲဒီရောစပ်မှုကို မျက်နှာမှာ လိမ်းလိုက်ပြီး နောက်နေ့မနက်ခင်းပိုင်းမှာ မျက်နှာသစ်လိုက်ရုံပါပဲ။

ပျားရည်

အသားအရေခြောက်ခြင်းကြောင့် အသားအရေမဲညစ်ခြင်းတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ပျားရည်က အသားအရေကို ရေဓာတ်ဖြည့်ပေးသလို ကြည်လင်ဝင်းပလာစေအောင်လည်း ကူညီပေးပါတယ်။ ပျားရည်ကို မျက်နှာမှာ (၁၅) မိနစ်လောက် လိမ်းထားလိုက်ပြီး အဲဒီနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်လိုက်ပါ။ ဒီနည်းက အသားအရေရဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့အတွက် ကျွန်မတို့ရဲ့မျက်နှာက သဘာဝအတိုင်း ကြည်လင်ဝင်းပနေမှာပါ။

အထက်ပါနည်းလမ်းလေးချက်ကို တစ်လလောက် စွဲစွဲမြဲမြဲလုပ်ကြည့်မယ်ဆိုရင် မွဲခြောက်ခြောက်ဖြစ်တဲ့အသားအရေကို စိုပြေဝင်းပလာစေမှာ အသေအချာပါပဲ။

Ref: “Tips to lighten the skin naturally”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top