ဆွဲဆောင်မှုအရှိဆုံး Eyeliner စတိုင်လ်များ

beauty-portrait-of-young-woman-with-fashion-V9KG6YT-e1557215228284.jpg

အိုင်းလိုင်နာဆိုတာ မျက်ဝန်းလေးများရဲ့ ကြည်လင်ပြတ်သားမှု၊ လှပမှုတို့ကို ပေးစွမ်းတဲ့ ထိရောက်အစွမ်းရှိတဲ့ မိတ်ကပ်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အမြင် ကိုယ်ပိုင်စတိုင် ဖန်တီးပြီးလည်း နည်းလမ်းအမျိုးမျိုးနဲ့ ပြင်ဆင်ခြယ်သနိုင်ပါသေးတယ်။ အိုင်းလိုင်နာ ပုံစံ ဒီဇိုင်း အမျိုးမျိုးတို့ရဲ့ အကူအညီနဲ့ Make up Look အမျိုးမျိုးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Classic Fashion Look

Classic Fashion Look

ဒီ အိုင်းလိုင်နာစတိုင်ကတော့ ရှေးခေတ် ဟောလိဝုဒ် ပုံစံမျိုးပဲ ဖြစ်ပါတယ်။ ရိုးရှင်းပေမဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ပုံစံမျိုးပါ။ ဒီလိုပုံစံမျိုး လိမ်းခြယ်မယ်ဆိုရင် သဘာဝအရောင်မျိုးကို အသုံးပြုပေးပါ။ eyeliner brush ကို သုံးပြီးတော့ မျက်လုံးအတွင်းဘက် ထောင့်ကနေ စပြီးတော့ လိုင်းပါးပါးလေးတစ်ကြောင်း ဆွဲပါ။ အဲဒီအတိုင်း အဆုံးထိရောက်အောင် ဆက်ဆွဲလာပြီး အဆုံးရောက်တော့မှ အပေါ်ဘက်ကို ကော့ပေးလိုက်ပါ။ ပြီးရင် ပိုထူထူလေးဖြစ်ဖို့ ပထမလိုင်းပေါ်မှာ နောက်ထပ်တစ်လိုင်း ထပ်ဆွဲပါ။

Cat Eye Look

Cat Eye Look

ဒီလိုပုံစံဖန်တီးဖို့ ဆိုရင်တော့ Liquid Eyeliner ကို အသုံးပြုပေးရမှာပါ။ eyeliner brush ကို သုံးပြီးတော့ အပေါ်ဘက် မျက်ခွံပေါ်မှာ လိုင်းလေးဆွဲပြီး အပေါ်ဘက်ကို ကော့ညွှတ်အောင် ဆွဲပေးပါ။ ပြီးရင် အောက်ဘက် မျက်ခွံရဲ့ အတွင်းဘက် မျက်လုံးထောင့်ကနေ ဒီလိုလိုင်းမျိုးပဲ ဆွဲပေးပါ။ ပြီးရင် အပေါ်ဘက်မျက်ခွံရဲ့ လိုင်းနဲ့ ဆုံအောင်ဆွဲပါ။ ဒီလို အိုင်းလိုင်နာပုံစံမျိုးကို မျက်လုံးသေးတဲ့သူတွေ ပိုကြီးလာတယ် ထင်စေဖို့အတွက် အကောင်းဆုံးပုံစံပဲ ဖြစ်ပါတယ်။

Smoky Eyed Look

Smoky Eyed Look

ဒီပုံစံမျိုးလေး ပြင်ဆင် ခြယ်သဖို့အတွက်ဆိုရင်တော့ အိုင်းလိုင်နာအပြင် အိုင်းရှဲဒိုးလည်း လိုအပ်ပါလိမ့်မယ်။ Smoky Look လေး ဖန်တီးနိုင်ဖို့အတွက် Pencil Eyeliner က အသင့်တော်ဆုံးပါပဲ။ တကယ်တော့ အိုင်းလိုင်နာ မလိုဘဲ အိုင်းရှယ်ဒိုး တစ်မျိုးတည်းနဲ့တောင် ဖန်တီး ပြင်ဆင်နိုင်ပါသေးတယ်။ ဒီ Smoky Look လေးက လိမ်းခြယ်သူကို ရိုးရှင်းတဲ့ပုံစံကနေ ချက်ချင်း ပြောင်းလဲသွားစေမှာပါ။

Natural Look

Natural Look

Natural Look ကတော့ သဘာဝပုံစံလေးတွေ ထင်ရှား ပေါ်လွင်စေဖို့ neutral color တွေ အသုံးပြုမှု အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် မျက်ဝန်းလေးကို သဘာဝပုံစံအတိုင်း natural look လေး ဖန်တီးချင်ရင် neutral colored eyeliner ကို အသုံးပြုပါ။ ပိုပြီး သဘာဝကျတဲ့ ပုံစံလေး ပေါ်လွင်စေအောင် လိုင်းလေးကို ပါးပါးလျလျလေး ဆွဲပေးပါ။ ဒီ natural look ကတော့ မျက်လုံးကြီးတဲ့ အမျိုးသမီးများနဲ့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

အိုင်းလိုင်နာပုံစံကို ကိုယ့်ရဲ့ မျက်လုံး သဘာဝအရောင်၊ မိတ်ကပ်ပုံစံ၊ အသားအရေ အရောင်နဲ့ အသက်အရွယ်လိုက် ရွေးချယ်သင့်ပါတယ်။ ကိုယ့်ရဲ့ သဘာဝ မျက်လုံး ပုံသဏ္ဍာန်ကို ထင်ရှားပေါ်လွင်စေအောင် လုပ်ပေးသင့်ပြီး မျက်လုံးပြင်ဆင်မှုဟာ ကိုယ့်ရဲ့မိတ်ကပ်ပြင်ဆင်မှုနဲ့ အမြဲ ကိုက်ညီမှု ရှိသင့်ပါတယ်။

Ref : Beauty : The Most Gorgeous Eyeliner Styles You’ll Find on the Internet

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top