လက်နက်ခဲယမ်းရောင်းချမှုတွေကို ရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်တဲ့ Walmart

yyl59016.jpg

အမေရိကန်မှာအကြီးမားဆုံးလက်လီအရောင်းဆိုင်လုပ်ငန်းကြီး ဝေါလ်မတ်က သေနတ်နဲ့ ကျည်ဆံတွေရောင်းချနေမှုကို အပြီးရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်ပြီး ဈေးဝယ်သူတွေကိုလည်း ဝေါလ်မတ်စတိုးတွေထဲကို သေနတ်တွေယူဆောင်လာခြင်းမပြုဖို့ အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

လူ (၂၂) ဦးထိသေဆုံးခဲ့ရတဲ့ တက္ကဆက်ပြည်နယ်၊ အယ်လ်ပါဆိုမြို့က ဝေါလ်မတ်စတိုးဆိုင်တွင်းသေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး တစ်လအကြာမှာ ဝေါလ်မတ်က အခုလိုဆုံးဖြတ်လိုက်တာပါ။ အခုသတ်မှတ်ထုတ်ပြန်ထားတဲ့အတိုင်းဖြစ်မလာတာမျိုးကို လက်သင့်ခံမှာမဟုတ်ဘူးလို့ လည်း ဝေါလ်မတ်ရဲ့အမှုဆောင်အရာရှိချုပ် Doug McMillon က ဝန်ထမ်းတွေကို ထုတ်ပြန်ကြေညာမှုထဲမှာ ပြောထားပါတယ်။

ပွိုင့် ၂၂၃ နဲ့ ၅.၅၆ အရွယ်အစားရှိ ခြောက်လုံးပြူးကျည်၊ မောင်းပြန် ရိုင်ဖယ်ကျည်တွေကို ဆက်ရောင်းချတော့မှာမဟုတ်သလို အဲဒီသေနတ်တွေရောင်းချတဲ့ဝေါလ်မတ်စတိုးတွေရှိရာ တစ်ခုတည်းသောပြည်နယ် အလက်စကာ (Alaska) မှာလည်း ရောင်းချမှုရပ်ဆိုင်းသွားတော့မှာပါ။

လက်နက်တွေကို လွတ်လွတ်လပ်လပ်သယ်ဆောင်ခွင့်ပြုထားတဲ့ပြည်နယ်တွေက ဝေါလ်မတ်စတိုးတွေထဲကိုတောင် လက်နက်ခဲယမ်းတွေကို လက်လွတ်စပယ်ယူလာတာမျိုးမလုပ်ဖို့ ကုမ္ပဏီဘက်က အသိပေးပန်ကြားထားပါတယ်။

Ref: CGTN “Walmart to end handgun ammunition sales after El Paso mass shooting”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top