လွန်ခဲ့တဲ့ ၃ နှစ်ကမှ ကောလိပ်ပြန်တက်ခဲ့ပြီး ဘွဲ့ရတော့မယ့် အသက် ၉၀ အရွယ် အဘွားအို

9-12-2022-yyl25.jpg

လွန်ခဲ့တဲ့ ၃ နှစ်ကမှ ကောလိပ်ပြန်တက်ခဲ့တဲ့ အသက် ၉၀ အရွယ်အဘွားအိုက လာမယ့် တနင်္ဂနွေနေ့မှာ ဘွဲ့ယူတော့မှာဖြစ်ပါတယ်။ “ဆက်လုပ်ပါ။ လက်မလျှော့ပါနဲ့။ နောက်ဆုံးကျရင် မင်း အောင်ပွဲခံနိုင်မှာဖြစ်လို့ တောင့်ခံထားပါ”လို့ ဂျွိုင်ဆီ ဗွိုင်လာ ဒီဖော့ဆိုတဲ့ အဲဒီအဘွားက သူ့လိုမျိုး အသက်ကြီးမှ ကျောင်းပြန်တက်ပြီး ဘွဲ့ယူချင်တာသူတွေကို အားပေးစကားပြောထားပါတယ်။

၁၉၅၁ ခုနှစ်မှာ ဂျွိုင်ဟာ Northern Illinois University ကို တက်ခဲ့ပါသေးတယ်။ (၃) နှစ်ခွဲအကြာမှာ ကျောင်းကထွက်ခဲ့ပြီး သူ့ရဲ့ပထမခင်ပွန်းနဲ့ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ခဲ့ကာ မိသားစုတစ်ခုစတင်ထူထောင်ခဲ့ပါတယ်။ ပထမခင်ပွန်းသေဆုံးခဲ့ပြီးတဲ့နောက်မှာ နောက်အိမ်ထောင်ပြုခဲ့ပြီး သားသမီးအများကြီးထွန်းကားခဲ့ပါတယ်။ အခုဆို သားသမီး (၉) ဦးမိခင်ဖြစ်တဲ့ ဂျွိုင်ဆီက မြေး ၁၇ ဦး၊ မြစ် ၂၆ ဦးရှိပါတယ်။ ဂျွိုင်ဆီက နှစ်တော်တော်ကြာ မအားမလပ်ဖြစ်ခဲ့ပေမဲ့ ကောလိပ်ကျောင်းကို ဘယ်တော့မှ မမေ့ခဲ့ပါဘူး။

၁၉၅၁ ခုနှစ်က ကျောင်းတက်တဲ့အချိန်ကို ပြန်သွားချင်မိတယ်လို့ သူ့ကလေးတွေကို ပြောတော့ ကောလိပ်ပြန်တက်ဖို့ သူတို့က အကြံပြုခဲ့တယ်။ ကျောင်းပြန်တက်ဖို့ ကွန်ပျူတာတစ်လုံးလိုတဲ့အတွက် သူ့ရဲ့ကလေးတွေက ကွန်ပျူတာလည်း ဝယ်ပေးခဲ့တယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ အဘွားဂျွိုင်ဆီဟာ Northern Illinois University မှာ ကျောင်းပြန်တက်ဖို့ စာရင်းသွင်းခဲ့ပါတယ်။ General Studies ပရိုဂရမ်နဲ့ ဘွဲ့ရဖို့အတွက် အွန်လိုင်းသင်တန်းတွေကို စတင်တက်ရောက်ခဲ့ပါတယ်။

သူက သင်တန်းတက်ပြီး ကျောင်းစာလုပ်ရာမှာ အခက်အခဲတွေရှိခဲ့ပြီး လက်လျှော့ဖို့တောင် စိတ်ကူးမိခဲ့ပေမဲ့ မဖြစ်နိုင်ဘူးလို့ထင်တဲ့အတွေးတွေကို ရပ်တန့်ပစ်ပြီး နေ့တိုင်းနီးပါး အချိန်ယူကာကျောင်းစာတွေလုပ်ခဲ့ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုနဲ့ ဆရာဆရာမတွေအားလုံးရဲ့အားပေးတိုက်တွန်းမှုတွေကြောင့် လက်မလျှော့နိုင်ခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

အခု အဘွားဂျွိုင်က လာမယ့်တနင်္ဂနွေနေ့မှာ ဘွဲ့ယူဖို့ အဆင်သင့်ဖြစ်နေပြီး သူ့ရဲ့ကြီးမားတဲ့မှတ်တိုင်တစ်ခု ရယူနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်နေသလို ကျေးဇူးလည်းတင်နေပါတယ်။ နှစ်တော်တော်ကြာတဲ့အထိ သူတို့ရဲ့အိပ်မက်တွေရှာဖွေနေရသေးတဲ့သူတိုင်းကို အကောင်အထည်ဖော်ဖို့လည်း အဘွားဂျွိုင်က အကြုံပြုထားပါတယ်။

Ref: GMA “Great-grandmother set to graduate college at 90: ‘Don’t give up'”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top