အင်္ဂလန်သားဖြစ်နေလို့ ချဲလ်ဆီးနည်းပြရာထူးက ပိုခက်ခဲစေတယ်လို့ ရွိုင်ကိန်းကို လမ်းပတ်တုံ့ပြန်

yyl-018-11.jpg

အင်္ဂလန်နိုင်ငံသားဖြစ်နေလို့ ဝေဖန်မခံရတာဆိုတဲ့ မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းရဲ့ သုံးသပ်ချက်ကို လမ်းပတ်က ပယ်ချခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အဆင့်(၅)နေရာက မန်ယူထက် (၅)မှတ်အသာရနေပြီး အဆင့်(၄)နေရာမှာ ရပ်တည်နေပေမဲ့ မန်ယူထက် ရှုံးပွဲတစ်ပွဲ ပိုများနေပါတယ်။ ဒါပေမဲ့ လမ်းပတ်က အင်္ဂလန်နိုင်ငံသားဖြစ်နေလို့ မန်ယူနည်းပြ ဆိုးလ်ရှား(နော်ဝေနိုင်ငံသား)နဲ့ယှဉ်ရင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ဝေဖန်ခံရခြင်းမရှိဘူးလို့ ချဲလ်ဆီးအသင်း နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရွိုင်ကိန်းက ပြောခဲ့ပါတယ်။

ဘောလုံးကျွမ်းကျင်သူအလုပ်ကို စိတ်အားထက်သန်မှုအပြည့် ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းကို လမ်းပတ်က ချီးကျူးခဲ့ပေမဲ့ အင်္ဂလန်နိုင်ငံသားဖြစ်လို့ ဝေဖန်မခံရဘူးဆိုတဲ့ အမြင်ကိုတော့ ပယ်ချခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံသားဖြစ်နေလို့ ချဲလ်ဆီးနည်းပြအဖြစ် ခန့်အပ်မခံရခင်ရော၊ ခန့်အပ်ခံရပြီးနောက်မှာပါ မျက်စိဒေါက်ထောက် စောင့်ကြည့်ခံခဲ့ရတယ်လို့ လမ်းပတ်က တုံ့ပြန်ခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top