ဥရောပဘောလုံးပြိုင်ပွဲကစားခွင့် ၂ နှစ်ပိတ်ပင်ခံရတဲ့ မန်စီးတီးအသင်းရဲ့ အယူခံကို ဇွန်လမှာ ကြားနာမယ်

19-5-2020-yyl-035.jpg

ဥရောပဘောလုံးပြိုင်ပွဲ ၂ နှစ် ပိတ်ပင်ခံရတဲ့ မန်စီးတီးအသင်းရဲ့ အယူခံကို ဇွန်လ ၈ ကနေ ၁၀ ရက်ကြားကာလအတွင်း အားကစားဆိုင်ရာဖျန်ဖြေရေးတရားရုံးက ကြားနားသွားမှာပါ။ မန်စီးတီးအသင်းက ဘဏ္ဍာရေးသင့်တင့်မျှတမှုစည်းမျဉ်းကို ချိုးဖောက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ ယူအီးအက်ဖ်အေက မန်စီးတီးအသင်းကို ဥရောပဘောလုံးပြိုင်ပွဲကနေ ၂ နှစ် ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေယူရိုသန်း ၃၀ ချမှတ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကြားကာလအတွင်း ချိုးဖောက်မိထားတဲ့ စည်းမျဉ်းတွေနဲ့ ပြန်ကိုက်ညီအောင်လုပ်ဖို့အတွက် သူတို့ရဲ့စပွန်ဆာဝင်ငွေကို အရှိထက်ပိုပြီးဖော်ပြခဲ့တယ်လို့ ယူအီးအက်ဖ်အေရဲ့ ကလပ်အသင်းဘဏ္ဍာရေးထိန်းချုပ်မှုအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာပါ။ မန်စီးတီးအသင်းကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top