အသင်းဖော်ကို လုပ်ကြံဖို့ ခိုင်းစေခဲ့တယ်ဆိုတဲ့ သတင်းတွေကို ရီးရဲလ်ကစားသမားဟောင်း ငြင်းဆန်

yyl-017-12.jpg

အသင်းဖော် ကိုဗာဆီဗစ်ကို လုပ်ကြံဖို့ စေခိုင်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ရီးရဲလ်နောက်ခံလူဟောင်း ရာအူးလ်ဘရာဗိုက ငြင်းဆန်ခဲ့ပါတယ်။ စပိန်ကစားသမားဟောင်း ဘရာဗိုဟာ ၂၀၀၀ ပြည့်နှစ်အစောပိုင်းက လိဒ်ယူနိုက်တက်အသင်းမှာ အခိုက်အတန့်ကြာကစားခဲ့ပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း အိုလံပီယာကို့စ်အသင်းမှာ ကိုဗာဆီဗစ်နဲ့ တွဲဖက်ကစားခဲ့ဖူးပါတယ်။ အင်္ဂလန်ကလပ်ရှက်ဖီးဝမ့်နက်စဒေးအသင်းမှာ ကစားခဲ့ဖူးတဲ့ ဆားဘီးယားလက်ရွေးစင်ကစားသမားဟောင်း ကိုဗာဆီဗစ်ဟာ အခုလအစောပိုင်းက ဂရိနိုင်ငံ အေသင်မြို့မှာရှိတဲ့ နေအိမ်အပြင်ဘက်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

သူဟာ ကျည်ဆန်တွေမထိအောင် မြေပြင်ပေါ် ဒိုင်ဗင်ပစ်ရာကနေ ပွန်းပဲ့ဒဏ်ရာတွေ ရခဲ့ပါတယ်။ ကိုဗာဆီဗစ်ကို တိုက်ခိုက်ရာမှာ ဘရာဗိုက ကြိုးကိုင်ချယ်လှယ်ခဲ့တာလို့ ဆားဘီးယားသတင်းစာတွေက ဖော်ပြပါတယ်။ ဘရာဗိုဟာ Operation Oikos လို့ အမည်ပေးထားတဲ့ စပိန်ဘောလုံးလောကရဲ့ လုပ်ပွဲကစားမှု စုံစမ်းစစ်ဆေးရေး တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးခံခဲ့ရပါတယ်။ ကိုဗာဆီဗစ် တိုက်ခိုက်ခံရတဲ့ဖြစ်ရပ်က အဲဒီစုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွှယ်နေလိမ့်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒီစွပ်စွဲချက်တွေကို ဘရာဗိုက ငြင်းဆန်ခဲ့ပြီး မဂ္ဂဇင်းရောင်းကောင်းအောင် လုပ်နေကြတာလို့ တုံ့ပြန်ခဲ့ပါတယ်။ “တကယ့်ကို ရူးလွန်းတဲ့ရေးသားချက်ပါ။ အဲဒီဖော်ပြချက်တွေက အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်”လို့ ဘရာဗိုက ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top