သင်သိမထားလောက်သေးတဲ့ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးသတ်မှတ်ချက်များ

S-and-T.jpg

ကမ္ဘာ့အရပ်အပုဆုံးလူသားနဲ့ ကမ္ဘာ့အရပ်အမြင့်ဆုံးလူသား (The Shortest and Tallest Human Being)

ဒီနေ့မှာတော့ စာဖတ်ပရိသတ်တွေအတွက် မှတ်သားဖွယ်ရာဖြစ်စေမယ့်အချက်အလက်တချို့ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ အခုနှိုင်းယှဉ်ဖော်ပြပေးလိုက်တဲ့ အချက်တွေကတော့ သဘာဝတရား၊ လူသားတွေ၊ တိရစ္ဆာန်တွေနဲ့ပတ်သက်တာတွေပါ။ အသေးစိတ်ကို ဆက်ပြီး ဖတ်ရှုကြည့်လိုက်ပါဦး..။

အမြင့်ဆုံးတောင်များ (The Highest Mountains)

အမြင့်ဆုံးတောင်များ (The Highest Mountains)
စကြဝဠာထဲမှာ အမြင့်ဆုံးတောင်က မားစ်ဂြိုဟ်ပေါ်က Olympus Mons ဖြစ်ပြီး (၂၂) ကီလိုမီတာ/ (၁၃.၇) မိုင်အမြင့်ရှိကာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ကတော့ (၈.၉) ကီလိုမီတာ/ (၅.၄) မိုင်အမြင့်ရှိတဲ့ ဧဝရက် (Everst) တောင်ဖြစ်ပါတယ်။

ကိုယ်အလေးချိန်အများဆုံးသတ္တဝါများ (The Heaviest Animals)

ကိုယ်အလေးချိန်အများဆုံးသတ္တဝါများ (The Heaviest Animals)
ပျံသန်းနိုင်တဲ့သတ္တဝါတွေထဲမှာ ကိုယ်အလေးချိန်အများဆုံးသတ္တဝါက (၂၅၀) ကီလိုဂရမ်ရှိတဲ့ Quetzalcoatlus ဖြစ်ပြီး ကုန်းနေသတ္တဝါတွေထဲမှာ ကိုယ်အလေးချိန်အများဆုံးကတော့ (၇၇၀၀၀) ကီလိုဂရမ်ရှိတဲ့ Titanosaur ဖြစ်ပါတယ်။

အမြင့်ဆုံးကြားနိုင်စွမ်း (The Highest Pitch Audible)

အမြင့်ဆုံးကြားနိုင်စွမ်း (The Highest Pitch Audible)
လူတစ်ယောက်ရဲ့ အမြင့်ဆုံးကြားနိုင်စွမ်းက (၂၀) ကီလိုဟဇ်ဖြစ်ပြီး လင်းနို့တစ်ကောင်ရဲ့ အမြင့်ဆုံးကြားနိုင်စွမ်းကတော့ (၂၀၀) ကီလိုဟဇ်ဖြစ်ပါတယ်။

အကျယ်ဆုံးအသံ (The Loudest Noise)

အကျယ်ဆုံးအသံ (The Loudest Noise)
သက်ရှိတွေထဲမှာ အသံအကျယ်ဆုံးသတ္တဝါက (၁၈၈) ဒက်ဆီဘယ်လ်ရှိတဲ့အသံကိုဖန်တီးနိုင်တဲ့ ဝေလငါးပြာဖြစ်ပြီး လူသားကတော့ အများဆုံး (၁၂၉) ဒက်ဆီဘယ်လ်ထိ ဖန်တီးနိုင်ပါတယ်။

အလင်းရဲ့အမြန်နှုန်း (Speed of Light)

အလင်းရဲ့အမြန်နှုန်း (Speed of Light)
အလင်းရဲ့အလျင်ဟာ စိန်တုံးထဲကိုဖြတ်သန်းသွားရင် (၁) စက္ကန့်ကို မီတာ (၁၂၄) သန်းနှုန်း၊ ရေထဲကိုဖြတ်သွားရင် (၁) စက္ကန့်ကို မီတာ (၂၂၅) သန်းနှုန်းနဲ့ လေထဲမှာဖြတ်သွားရင်တော့ (၁) စက္ကန့်ကို မီတာ သန်း (၃၀၀) နှုန်းထိ ရှိပါတယ်။

အမြင့်ဆုံးနဲ့ အနိမ့်ဆုံးအပူချိန်များ (The Highest and Lowest Temperature)

အမြင့်ဆုံးနဲ့ အနိမ့်ဆုံးအပူချိန်များ (The Highest and Lowest Temperature)
သက်ရှိတစ်ကောင်အသက်ရှင်နေနိုင်မယ့် အမြင့်ဆုံးအပူချိန်က (၁၂၂) ဒီဂရီဆဲလ်စီးယပ်စ်ဖြစ်ပြီး ကမ္ဘာပေါ်မှာရှိခဲ့ဖူးတဲ့ အမြင့်ဆုံးအပူချိန်ကတော့ (၅၆. ၇) ဒီဂရီဆဲလ်စီးယပ်စ် ဖြစ်ပါတယ်။ အလားတူ သက်ရှိတစ်ကောင်အသက်ရှင်နေနိုင်မယ့် အနိမ့်ဆုံးအပူချိန်က (- ၂၀) ဒီဂရီဆဲလ်စီးယပ်ဖြစ်ပြီး (- ၃၈.၈) ဒီဂရီဆဲလ်စီးယပ်စ်မှာဆိုရင် ပြဒါးတွေခဲသွားနိုင်ကာ ကမ္ဘာပေါ်မှာရှိခဲ့ဖူးသမျှထဲမှာတော့ (- ၈၉.၂) ဒီဂရီဆဲလ်စီးယပ်စ်က အနိမ့်ဆုံးအပူချိန်ဖြစ်ပါတယ်။

ကမ္ဘာ့အရပ်အပုဆုံးလူသားနဲ့ ကမ္ဘာ့အရပ်အမြင့်ဆုံးလူသား (The Shortest and Tallest Human Being)

ကမ္ဘာ့အရပ်အပုဆုံးလူသားနဲ့ ကမ္ဘာ့အရပ်အမြင့်ဆုံးလူသား (The Shortest and Tallest Human Being)
ကမ္ဘာ့အရပ်အပုဆုံး အရွယ်ရောက်ပြီးလူသားက ချန်ဒရာ ဘီ ဒန်ဂီ (Chandra B. Dangi) ဖြစ်ပြီး သူ့ရဲ့ အရပ်က (ဝ.၅၄) မီတာ/ (၁.၈) ပေသာရှိကာ ကမ္ဘာ့အရပ်အမြင့်ဆုံးလူသားကတော့ အရပ်အမြင့် (၂. ၇၂) မီတာ/ (၈.၉) ပေရှိတဲ့ ရောဘတ် ဝဒ်လို (Robert Wadlow) ဖြစ်ပါတယ်။

ကမ္ဘာ့အမြန်ဆုံးလူသားနဲ့ လူသားတစ်ဦးပြေးနိုင်သမျှ အမြန်ဆုံးပြေးနှုန်း (The Fastest Human and Fastest Running a human could)

ကမ္ဘာ့အမြန်ဆုံးလူသားနဲ့ လူသားတစ်ဦးပြေးနိုင်သမျှ အမြန်ဆုံးပြေးနှုန်း (The Fastest Human and Fastest Running a human could)
ကမ္ဘာ့အမြန်ဆုံးလူသားက တစ်နာရီကို (၄၄) ကီလိုမီတာ/ (၂၇.၃) မိုင်ပြေးနိုင်တဲ့ ဂျမေကာအပြေးသမား အူစိန် ဘို့လ်ထ် (Usain Bolt) ဖြစ်ပြီး လူသားတစ်ဦးအနေနဲ့ ပြေးနိုင်တဲ့ အမြန်ဆုံးနှုန်းကတော့ တစ်နာရီကို (၆၄) ကီလိုမီတာ/ (၃၉.၆) မိုင်နှုန်း ဖြစ်ပါတယ်။

မြင်နိုင်စွမ်းရှိသမျှ အခြေခံအရောင်များ (Primary Colours seen by Human and Animals)

မြင်နိုင်စွမ်းရှိသမျှ အခြေခံအရောင်များ (Primary Colours seen by Human and Animals)
လူသားတစ်ယောက်အနေနဲ့ အပြာ၊ အနီ၊ အစိမ်း ဆိုတဲ့ အခြေခံအရောင်သုံးမျိုးကိုသာ အများဆုံးမြင်နိုင်ပြီး တိရိစ္ဆာန်တွေကတော့ ခရမ်းလွန်ရောင်ခြည်နဲ့ အနီအောက်ရောင်ခြည်အပါ ဆယ်မျိုးအထိ မြင်နိုင်ကြပါတယ်။

ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦနဲ့ ကမ္ဘာ့အမြင့်ဆုံးခရစ်ယာန်ဘုရားကျောင်း (The Tallest Building and Church)

ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦနဲ့ ကမ္ဘာ့အမြင့်ဆုံးခရစ်ယာန်ဘုရားကျောင်း (The Tallest Building and Church)
လူသားတွေဖန်တီးတဲ့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦက (၈၃၀) မီတာ/ (၂၇၂၃) ပေမြင့်တဲ့ Burj Khalifa ဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးခရစ်ယာန်ဘုရားကျောင်းကတော့ (၁၆၂) မီတာ/ (၅၃၁.၅) ပေမြင့်တဲ့ Ulm Minster ဘုရားကျောင်းဖြစ်ပါတယ်။

Ref: Theoretical Limits
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top