ဘာလို့ တစ်ညလုံး အိပ်မရဖြစ်နေရတာလဲ

yyl-9-9-033.jpg

အရွယ်ရောက်နေတဲ့လူငယ်တွေ ကြုံတွေ့နေရတဲ့ပြဿနာကတော့ မနက်ခင်းစောစော အိပ်ယာထနောက်ကျတာပါပဲ။ ကျွန်တော်တို့ငယ်ငယ်က အိပ်ရာစောစောဝင်တာ၊ စောစောအိပ်ရာထတာက ကြီးပွားချမ်းသာခြင်း၊ ကျန်းမာသန်စွမ်းခြင်း၊ ဉာဏ်ကောင်းခြင်းတွေ ဖြစ်စေတယ်ဆိုတာကို လူကြီးတွေပြောတာကို နားထောင်ခဲ့ကြဖူးမှာပါ။ ကျွန်တော်တို့အများစုက မနက်ခင်းနေရောင်ခြည်နဲ့အတူ နိုးထဖို့အတွက် စိတ်မပါတတ်ကြပါဘူး။ မနက်ခင်းကို လေးလံထိုင်းမှိုင်းစွာနဲ့ နိုးထလာကြပါတယ်။ လူငယ်တွေအများစုက ညဉ့်နက်မှာအိပ်ယာဝင်ကြတဲ့အတွက် မနက်ခင်းစောစော မနိုးတတ်ကြတာဖြစ်ပါတယ်။ ဘာလို့ တစ်ညလုံး အိပ်မပျော်ကြတာလဲဆိုတာ သိရှိစေဖို့အတွက် အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်…

နောက်ကျတဲ့အထိ ဖုန်းသုံးခြင်း

ညအိပ်ရာမဝင်ခင် လူငယ်တွေက ဖုန်းသေချာပေါက်သုံးကြမှာဖြစ်ပါတယ်။ လူမှုကွန်ယက်အကောင့်မှာ New feedပွတ်တာတို့၊ နောက်ကျတဲ့အထိ chatနေကြတာမလား။ အဲဒီလိုနောက်ကျတဲ့အထိ ဖုန်းသုံးခြင်းက တကယ်တော့ သင့်ရဲ့အိပ်စက်ခြင်းကို ခိုးယူနေတာဖြစ်ပါတယ်။ ဖုန်းမှာရှိနေတဲ့ အပြာရောင်အလင်းတွေက နေ့ခင်းပဲရှိသေးတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေမိအောင် သင့်ဦးနှောက်ကို လှည့်စားနေတာဖြစ်ပါတယ်။ စောစောအိပ်ရာဝင်ဖို့အတွက် သင့်လုပ်ရမယ့်အရာကတော့ အိပ်ရာမဝင်ခင် (၂) နာရီလောက်ကြိုပြီး ဖုန်းကို ပိတ်ထားပါ (ဒါမှမဟုတ်) အနည်းဆုံး ဖုန်းကို silentလုပ်ထားဖို့ပါပဲ။

ကဖင်းဓာတ်

တစ်နေ့လုံးအလုပ်လုပ်ပြီးလို့ အိမ်ပြန်ရောက်တာနဲ့ ကော်ဖီပူပူလေး တစ်ခွက်သောက်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့ သူတွေရှိတယ်ဆိုရင် ဒါကို သိထားဖို့လိုအပ်ပါတယ်။ ကော်ဖီသောက်ပြီးတဲ့နောက် သင့်ခန္ဓာကိုယ်မှာ ကဖင်းဓာတ်တွေ ရှိနေတဲ့အတွက် အိပ်စက်ခြင်းကို သွားသက်ရောက်စေပါတယ်။ အိပ်ချင်စိတ်ဖြစ်စေတဲ့ melatonin စီးဆင်းမှုကို နှောင့်နှေးစေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ရေသောက်နည်းခြင်း

အလုပ်များတဲ့နေ့တွေဆိုရင် စားချိန်၊ အိပ်ချိန်မမှန်တာ၊ ရေလုံလုံလောက်လောက် မသောက်တာတွေက သင့်ခန္ဓာကိုယ်ကို အားနည်းသွားစေပါတယ်။ ခေါင်းကိုက်တာအပြင် တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်သလို ခံစားရနိုင်ပါတယ်။ မနက်ခင်းပိုင်းမှာဆိုရင် စိတ်မပျော်သလိုခံစားရစေပါတယ်။ သင် ဘယ်နေရာသွားသွား ရေဘူးကို ကိုယ်နဲ့မကွာဆောင်ထားပြီး တစ်နေ့ကို အနည်းဆုံး (၇-၈) ခွက်သောက်ပေးသင့်ပါတယ်။

Ref: TOI

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top