သေဆုံးသွားပြီဖြစ်တဲ့ Doge meme ခွေးလေး ခါဘိုဆု

29.5.24-yyl-1.jpg

လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးတဲ့ ‘Doge’ meme မှာ ပါဝင်တဲ့ ရှီဘာအီနူအမျိုးအစားခွေးလေး ခါဘိုဆုဟာ အသက် ၁၈ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူဟာ သွေးကင်ဆာရောဂါနဲ့ အသည်းရောဂါကြောင့် မေလ ၂၄ ရက်နေ့က သေဆုံးခဲ့ရတာပါ။

ခါဘိုဆုရဲ့ရုပ်ပုံကို Dogecoin ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးအဖြစ်လည်း အသုံးပြုခဲ့တာဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ်ငွေကြေးစိတ်ဝင်စားသူတွေနဲ့ တိရစ္ဆာန်ချစ်သူတွေက ခါဘိုဆု သေဆုံးသွားခဲ့လို့ ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။ “ကျွန်တော်တို့အဖွဲ့အစည်းရဲ့မိတ်ဆွေလည်းဖြစ် Inspiration လည်းဖြစ်တဲ့ ခါဘိုဆုက သူ့သခင်ရဲ့လက်ထဲမှာ ငြိမ်းချမ်းစွာ သေဆုံးသွားခဲ့ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှာ ဒီခွေးလေးရဲ့လွှမ်းမိုးမှုက အတိုင်းမသိပါပဲ။ သူက ပျော်ရွှင်မှုနဲ့ အကန့်အသတ်မရှိတဲ့ ချစ်ခြင်းမေတ္တာကိုသာ သိခဲ့တဲ့ သက်ရှိလေးဖြစ်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး သူနဲ့သူ့မိသားစုကို မင်းတို့ရဲ့နှလုံးသားထဲ သိမ်းထားပေးကြပါတယ်”လို့ Dogecoin က လူမှုကွန်ယက်ပေါ်မှာ ပို့စ်ရေးသားခဲ့ပါတယ်။

၂၀၁၀ ခုနှစ်က ဆာတိုရဲ့ကိုယ်ပိုင်ဘလော့ဂ်မှာ တင်တဲ့ ခါဘိုဆုရဲ့ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူတွေ ပြန်လည်မျှဝေခဲ့ပြီးတဲ့နောက် ခါဘိုဆုက နာမည်ကြီးလာခဲ့တာပါ။ ခါဘိုဆုရဲ့မချိပြုံးပြုံးနေတဲ့မျက်နှာ၊ မျက်စောင်းနဲ့ ကြည့်တဲ့အကြည့်၊ လက်ချိတ်ထားပုံက လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တာပါ။ သူတို့တွေက ခါဘိုဆုရဲ့အဲဒီပုံမှာ စာသားတွေထည့်ပြီး အသုံးပြုခဲ့ကြပါတယ်။ အသုံးပြုသူတွေက ရုပ်ပုံကို “Doge” လို့ ရည်ညွှန်းပြီး ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုခဲ့တဲ့ Meme ဖြစ်လာခဲ့ပါတယ်။

ပရိုဂရမ်မာ (၂) ဦးက အင်တာနက်အသုံးပြုသူတွေရဲ့တိရစ္ဆာန် meme တွေအပေါ် ချစ်ခြင်းမေတ္တာကို ထင်ဟပ်စေတဲ့ Dogecoin လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို မိတ်ဆက်ခဲ့တဲ့အချိန် ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ‘Doge’ meme ရဲ့ကျော်ကြားမှုကို ခိုင်မာစေခဲ့ပါတယ်။

Ref: Kabosu, The Shiba Inu Dog Who Inspired Cryptocurrency Dogecoin, Dies

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top