အီဂျစ်ဘုရားကျောင်းမီးလောင်လို့ အနည်းဆုံး လူ ၄၁ ဦး သေဆုံး

15-8-2022-yyl-10.jpg

အီဂျစ်နိုင်ငံမှာ ခရစ်ယာန်ဘုရားကျောင်း မီးလောင်ခဲ့လို့ ကလေးငယ်တွေအပါအဝင် အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတော်တော်များများဟာ အလုအယက်တိုးဝှေ့ရင်း လူအုပ်ပိလို့ သေဆုံးခဲ့ကြတာပါ။

ဂီဇာမြို့က ကော့တစ်အဘူဆိုင်ဖင်ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲအတွက် လူ ၅၀၀၀ ယောက် စုဝေးနေချိန်မှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်ခဲ့တာပါ။ မီးလောင်လို့ ဝင်ပေါက်ပိတ်သွားချိန်မှာ အလုအယက်တိုးဝှေ့ရင်း လူအုပ်ပြိုခဲ့တာလို့ လုံခြုံရေးရင်းမြစ်တွေက ဆိုပါတယ်။

ဆေးရုံမှတ်တမ်းတွေအရ အသက် ၃ နှစ်ကနေ ၁၆ နှစ်ကြားအရွယ်ရှိတဲ့ ကလေး ၁၈ ယောက် သေဆုံးခဲ့တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။ အီဂျစ်သမ္မတ ဖာတာအယ်လ်ဆီဆီက ကျန်ရစ်သူမိသားစုတွေထံ ဝမ်းနည်းကြောင်းသဝဏ္ဍ်လွှာ ပေးပို့ခဲ့ပြီး ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ပေးဖို့ စစ်တပ်ကို ညွှန်ကြားထားပါတယ်။

Ref: Egypt fire: Dozens dead in Giza Coptic church

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top