ကျောင်းသား/သူတွေ အာရုံပိုစိုက်အောင် ခုံအောက်မှာ စက်ဘီး Pedal တွေ တပ်ပေးခဲ့တဲ့ ဆရာမ

4-8-2022-yyl13.jpg

အတန်းထဲမှာ စာသင်နေရင် စာထဲကို အာရုံမစိုက်ဘဲ တစ်ယောက်နဲ့ တစ်ယောက် လက်တို့၊ ခြေတို့လုပ်နေတဲ့ ကျောင်းသား/သူတွေကို အာရုံလွှဲပေးဖို့အတွက် မြောက်ကာရိုလိုင်းနားပြည်နယ်၊ မာတင်အလယ်တန်းကျောင်းက သင်္ချာဆရာမ လမ်ဘက်က စားပွဲခုံအောက်မှာ စက်ဘီးခြေနင်း Pedal တွေ တပ်ဆင်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာ ကျောင်းသား/သူတွေက တစ်ယောက်နဲ့တစ်ယောက် စကားလှမ်းပြောတာ၊ လက်တို့၊ ခြေတို့ လုပ်တာ နည်းသွားပြီး စာထဲကို အာရုံပိုစိုက်လာကြသလို စာမေးရင်လည်း ကောင်းကောင်းဖြေကြတယ်လို့ လမ်ဘတ်က ဆိုပါတယ်။

လမ်ဘတ်ဟာ ဝိတ်ကောင်တီ အစိုးရကျောင်းများဆိုင်ရာအဖွဲ့ထံကနေ ချေးငွေလျှောက်ထားပြီး တစ်ခုကို ဒေါ်လာ ၁၈၀ တန်တဲ့ စက်ဘီးခြေနင်း Pedal ၁၀ ခု တပ်ဆင်ပေးခဲ့တာပါ။ သူဟာ ၂၀၁၆ ခုနှစ်က အဲဒီလို လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ တခြားကျောင်းတွေကလည်း သူ့ရဲ့နည်းလမ်းအတိုင်း လိုက်လုပ်ခဲ့ကြပါတယ်။

Ref: Pedal power boosts N Carolina pupils’ performance

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top