ထောင်ဒဏ်ချမှတ်ခံရတဲ့ အကျဉ်းဦးစီးဌာန အရာရှိဟောင်းက တရားရုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်

yyl-030-6.jpg

ရုရှားနိုင်ငံရဲ့ အကျဉ်းဦးစီးဌာန အရာရှိဟောင်းတစ်ယောက်ဟာ ငွေညှစ်တယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရပြီးနောက် တရားရုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ ဗစ်တာဆဗရီဒေါ့ဗ်ဟာ အရင်တုန်းက ပြည်ထောင်စုအကျဉ်းဦးစီးဌာနရဲ့ ပို့ဆောင်ရေးဌာနခွဲ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူပါ။ သူဟာ အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံကနေ ရူဘယ်ငွေ ၁၀ သန်း(အမေရိကန်ဒေါ်လာ ၁၅၇၆၀၀) ခြိမ်းခြောက်တောင်းဆိုခဲ့တယ်လို့ စီရင်ချက်ချခံခဲ့ရပါတယ်။

တရားသူကြီးက သူ့ကို ထောင်ထဲခေါ်သွားဖို့ အမိန့်ချမှတ်ခဲ့ပြီးနောက် စက္ကန့်ပိုင်းအကြာမှာပဲ သေနတ်ထုတ်ပြီး ကိုယ့်ခေါင်းကို သေနတ်နဲ့ပစ်ခဲ့တာပါ။ ဗစ်တာဆဗရီဒေါ့ဗ်က သူ့ကိုယ်ထဲမှာ သေနတ်ကိုဝှက်ပြီး ယူလာတာဖြစ်မယ်လို့ တရားရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီဖြစ်ရပ်အတွက် တရားရုံးရဲ့ လုံခြုံရေးကို စုံစမ်းစစ်ဆေးမယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ ဗစ်တာဆဗရီဒေါ့ဗ်ဟာ ကင်ဆာရောဂါ နောက်ဆုံးအဆင့် ခံစားနေရသူဖြစ်ပြီး ရုံးတင်စစ်ဆေးမှု မတိုင်ခင် နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top