အယ်လ်ဘမ် ၅ ခုရဲ့ သီချင်းမူပိုင်ခွင့်တွေကို ဒေါ်လာ ၂၂၅ သန်းနဲ့ ရောင်းချခဲ့တဲ့ ကေတီပယ်ရီ

20.9.23-yyl-5.jpg

ကမ္ဘာကျော်အဆိုတော် ကေတီပယ်ရီက သူ့ရဲ့သီချင်းမူပိုင်ခွင့်တွေကို The Carlyle Group ရဲ့လုပ်ငန်းခွဲဖြစ်တဲ့ Litmus Music ထံ ဒေါ်လာ ၂၂၅ သန်းနဲ့ ရောင်းချလိုက်ပါပြီ။ ဒီရောင်းချမှုသဘောတူညီချက်မှာ ၂၀၀၈ ခုနှစ်ရဲ့ One of the Boys ကစပြီး ၂၀၂၀ ခုနှစ် ရဲ့Smile အခွေတွေအထိ Capital Records ကတဆင့် ထွက်ရှိခဲ့တဲ့ သူ့ရဲ့စတူဒီယိုအယ်လ်ဘမ် ၅ ခွေအတွက် ထုတ်ဝေခွင့်နဲ့ သူ့ရဲ့မူပိုင်ခွင့်ရှယ်ယာတွေပါဝင်ပါတယ်။

ဒီမူပိုင်ခွင့်ရောင်းချမှုက ၂၀၂၃ ခုနှစ်မှာ တစ်ကိုယ်တော်အနုပညာရှင်အတွက် အကြီးမားဆုံးပါပဲ။ အခုနှစ်အစောပိုင်းမှာ ဂျက်စတင်ဘီဘာကလည်း သူ့ရဲ့သီချင်းတွေအတွက် မူပိုင်ခွင့်ကို Hipgnosis Songs Capital ကုမ္ပဏီထံ ဒေါ်လာ သန်း ၂၀၀ နဲ့ ရောင်းချခဲ့ပါသေးတယ်။

အခုဆို Litmus က ကေတီပယ်ရီရဲ့မူပိုင်ခွင့်ရှယ်ယာနဲ့ ထုတ်ဝေခွင့်ရှယ်ယာတွေကို ပိုင်ဆိုင်သွားပါပြီ။ သူ့ရဲ့သီချင်းတွေထုတ်လွှင့်တိုင်း ရမယ့် ဝင်ငွေတွေကို စုဆောင်းပေးသွားမှာပါ။ Dark Horse နဲ့ Roar သီချင်း ၂ ပုဒ်က Spotify မှာ Stream တဲ့သူ ၁ ဘီလျံကျော်ရှိပါတယ်။ Roar က YouTube မှာ ကြည့်ရှုသူ ၃.၈ ဘီလျံနဲ့ အချိန်တိုင်းကြည့်ရှုသူအများဆုံးဗီဒီယိုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Ref: Katy Perry Sells Music Catalogue For $225 Million, Breaks Justin Bieber’s Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top