ဆားပွင့်တစ်ပွင့်စာစာပဲ ရှိတဲ့ ကမ္ဘာ့အသေးဆုံးကင်မရာ

20.9.23-yyl-3.jpg

စီးပွားဖြစ် ထုတ်လုပ်ရောင်းချတဲ့ ကင်မရာတွေထဲမှာတော့ Omnivision ကုမ္ပဏီက ထုတ်လုပ်တဲ့ OVM6948 CameraCubeChip က ကမ္ဘာ့အသေးဆုံးကင်မရာအဖြစ် စံချိန်တင်ထားပါတယ်။ အလျား ဝ.၆၅ မီလီမီတာ၊ အနံ ဝ.၆၅ မီလီမီတာ၊ အမြင့် ၁.၁၅၈ မီလီမီတာပဲ ရှိပါတယ်။

ကင်မရာ အရွယ်အစား သေးငယ်လွန်းပေမဲ့ 200 x 200 (သို့မဟုတ်) 40 KPixel ရှိတဲ့ ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ အာရုံကြော၊ အမြင်အာရုံ၊ နှလုံး၊ ကျောရိုးမ၊ ဆီးလမ်းကြောင်း၊ မွေးလမ်းကြောင်း၊ အဆစ်အမြစ် ရောဂါတွေ ကုသဖို့အတွက် ခန္ဓာကိုယ်ရဲ့ အသေးငယ်ဆုံး သွေးကြောတွေထဲကို ထည့်သွင်းနိုင်တဲ့ အရွယ်အစားရှိပါတယ်။ ၁၂၀ ဒီဂရီမြင်ကွင်းရှိပြီး focus range က ၃ မီလီမီတာကနေ ၃၀ မီလီမီတာ ရှိပါတယ်။ တစ်စက္ကန့်ကို ဖရိမ် ၃၀ နှုန်း ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။
OVM6948 CameraCubeChip ကင်မရာဟာ ကမ္ဘာ့အသေးငယ်ဆုံး ရုပ်ပုံဆင်ဆာဖြစ်တဲ့ OVM6948 sensor ကို အခြေခံပြီး ကင်မရာဖန်တီးထားတာပါ။

Ref: The World’s Smallest Commercially Available Camera Is the Size of a Grain of Salt

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top