လေထုညစ်ညမ်းမှုကနေ ဆံသားတွေကို ကာကွယ်ကြမယ်

yyl-010-12.jpg

ကျွန်တော်တို့ဦးရေပြားက မွေးညင်းပေါက် (၁၅၀,၀၀၀) နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သင့်သိပါသလား။ လေထုညစ်ညမ်းလာတာနဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေက ဦးရေပြားယားယံခြင်းနဲ့ ဆံပင်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဦးရေပြားရဲ့အသားရေက ခန္ဓာကိုယ်ရဲ့အသားရေနဲ့ ယှဉ်ရင် အဆီဂလန်၊ ချွေးဂလန်၊ မွေးညင်းပေါက်ပမာဏ များတဲ့အတွက် ပိုနူးညံ့ပါတယ်။ ဒါကြောင့် ဦးရေပြားကို အထူးဂရုစိုက်ဖို့လိုပါတယ်။ လှပတဲ့ဆံကေသာဆိုတာ ကျန်းမာသန်စွမ်းတဲ့ ဦးရေပြားက စတင်တာပါ။

အသားရေ အမျိုးအစားတိုင်းအတွက် ထုတ်ထားတဲ့ ထုတ်ကုန်တွေကို သုံးပေးရပါတယ်။ ဒါက ဦးရေပြားပြဿနာတွေ ဖြစ်လာခြင်းမှ ဖြေရှင်းနိုင်မယ့် နည်းလမ်းပါပဲ။ သင့်ဆံသားက ဘယ်လိုထုတ်ကုန်မျိုးတွေနဲ့ အဆင်ပြေမယ်ဆိုတာကို ပြောပေးနိုင်တာက ဆံသားကျွမ်းကျင်ပညာရှင် တစ်ယောက်ပါပဲ။ သူနဲ့လည်း တိုင်ပင်ကြည့်လို့ရပါတယ်။

ဦးရေပြားကျန်းမာဖို့အတွက် အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်ကို သုံးပေးသင့်ပါတယ်။ ဦးရေပြားကို သန့်စင်ဖို့နဲ့ ရေဓာတ်ပြည့်နေဖို့ရာ အဆီပြန်တဲ့ဆံပင်၊ ခြောက်သွေ့တဲ့ဆံပင်၊ ထိလွယ်ရှလွယ်တဲ့ဆံပင်၊ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာတွေအတွက် သီးသန့် ထုတ်ထားတဲ့ Silicon-free ခေါင်းလျှော်ရည်တွေက ဈေးတိုင်းမှာ ဝယ်ယူလို့ရနိုင်ပါတယ်။ ခေါင်းလျှော်ပြီးသွားရင်လည်း ဦးရေပြားကို နှိပ်နယ်ပေးဖို့အတွက် hair mask ကို သုံးပေးဖို့လည်း အရေးကြီးပါတယ်။ ဒါမှ ဦးရေပြားကို နူးညံ့စေပြီး ရေဓာတ်ပြည့်စေမှာဖြစ်ပါတယ်။

အဆင်ပြေတဲ့ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး အသုံးပြုတာအပြင် သင့်ဆံပင်ကို ခြောက်သွေ့၊ ကြမ်းတမ်းတာတွေဖြစ်စေတဲ့ လေထုညစ်ညမ်းမှုကနေလည်း ကာကွယ်ဖို့လိုပါတယ်။ ဘယ်ခေါင်းလိမ်းဆီကမဆို ဆံသားခြောက်သွေ့ကြမ်းတမ်းတာ၊ နှစ်ခွဖြစ်တာတွေကို တိုက်ဖျက်ပေးပြီး ဆံသားကို တောက်ပြောင်နေစေမှာဖြစ်ပါတယ်။ တစ်နေ့လုံး ဆံသားတောက်ပြောင်နေဖို့အတွက် ခေါင်းလိမ်းဆီကို သုံးပေးပါ။ ဆီက ဆံပင်ရဲ့ အပေါ်ယံမှာပဲ ရှိနေမှာမဟုတ်ဘဲ အာဟာရဓာတ်ဖြည့်ဖို့အတွက် တစ်နေ့လုံး စုပ်ယူပေးနေမှာပါ။

ဆံသားကို သေချာသန့်စင်သွားဖို့အတွက် နှစ်ပတ်တစ်ခါလောက် ဆံပင်ဆိုင်ကို သွားတာကလည်း အကူအညီဖြစ်ပါတယ်။ ဆံပင်ဆိုင်က သင့်ရဲ့ဦးရေပြားနဲ့ ဆံပင်ကို အဆီတောက်တွေဖယ်ရှားဖို့နဲ့ ရေဓာတ်ဖြည့်ပေးဖို့အတွက် လုပ်ဆောင်ပေးမှာပါ။ ဆံပင်ဆိုင်ကလို နှိမ်နယ်ပြီး ခေါင်းလျှော်ပေးတာက သွေးလည်ပတ်မှုကိုကောင်းစေပြီး ဆံသားအမြစ်တွေကို အာဟာရဖြည့်စွမ်းပေးတဲ့ နေရာမှာ ကူညီပေးပါတယ်။ အပြင်ထွက်တဲ့အခါ ဆံသားကို နေရောင်ခြည်ဒဏ်နဲ့ လေထုညစ်ညမ်းမှုဒဏ်တွေကနေ ကာကွယ်ဖို့အတွက် ထီးဆောင်းတာ၊ ဦးထုပ်ဆောင်းတာက အမြဲတမ်းအကူအညီဖြစ်ပါတယ်။

Ref: Protect your hair from pollution in this freezing winter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top