နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်းများအတွက် နည်းလမ်းကောင်းများ

cosmetology-concept-girl-holding-hand-near-lips-8GPMRZU.jpg

ရာသီဥတုအပြောင်းအလဲ၊ ကျန်းမာရေး ပြဿနာတွေနဲ့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေ အစရှိတဲ့ အကြောင်းအရင်းတွေကြောင့် နှုတ်ခမ်းကွဲခြင်း၊ ခြောက်ခြင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။ အဆိုပါ ရောဂါများ ခံစားနေရတဲ့အခါ ပြုံးဖို့၊ ရယ်ဖို့၊ စကားပြောဖို့တောင် အခက်အခဲဖြစ်ရတာကို အားလုံး ကြုံဖူးကြပါလိမ့်မယ်။ နှုတ်ခမ်းခြောက်သွေ့ခြင်း၊ နှုတ်ခမ်းကွဲခြင်း ပြဿနာတွေအတွက် လွယ်ကူသက်သာတဲ့ သဘာဝ နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။

သစ်ချသီးဆီ

သစ်ချသီးဆီမှာ ဗီတာမင် A နှင့် E တို့ ပါဝင်ပြီး နှုတ်ခမ်းခြောက်ခြင်း ကွဲခြင်းများအတွက် အထူးသင့်လျော်ပါတယ်။ သစ်ချသီးဆီဟာ နှုတ်ခမ်းရဲ့ လိုအပ်နေတဲ့ အစိုဓာတ်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ဆံနွယ်များ ပျက်စီးခြင်း၊ ခြောက်သွေ့ခြင်းများအတွက်လည်း အသုံးပြုနိုင်ပါတယ်။

သခွားသီး

သခွားသီးဟာ နှုတ်ခမ်းခြောက်ခြင်းနဲ့ နှုတ်ခမ်းကွဲ အက်ခြင်းကြောင့် စပ်ဖျင်းဖျင်းဖြစ်ခြင်းများ ကုသရာမှာ အလွန်ထိရောက်ပါတယ်။ သခွားသီးကို အစိပ်ပါးပါးလှီးပြီး နှုတ်ခမ်းပေါ်ကို အနည်းဆုံး ၅မိနစ်လောက် ကပ်ပေးပါ။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေဟာ ပြန်ပြီးတော့ စိုပြေလာပြီး ချောမွေ့သွားပါလိမ့်မယ်။

သံပုရာဖျော်ရည်

သံပုရာရည်သောက်သုံးခြင်းက သင့်ရဲ့ နှုတ်ခမ်းသားတွေအတွက် အာဟာရများစွာ ဖြစ်စေပြီး အလျင်အမြန် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ညစဉ်အိပ်ရာမဝင်မီ သံပုရာဖျော်ရည် အေးအေးလေး ပုံမှန်သောက်ရင် မနက်မိုးလင်းတဲ့အခါမှာ စိုပြေချောမွေ့တဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်နိုင်မှာပါ။

အုန်းဆီ

နှုတ်ခမ်းခြောက်ခြင်း၊ ကွဲအက်ခြင်းတွေအတွက် အလွယ်ကူဆုံးက အိမ်မှာရှိတဲ့ အုန်းဆီပါပဲ။ ကွဲနေခြောက်နေတဲ့ နှုတ်ခမ်းတစ်ဝိုက် ကိုသုတ်လိမ်းပေးပြီး ကုသနိုင်ပါတယ်။

ရေငွေ့ထုတ်စက် (Humidifier)

သင့်ရဲ့အခန်းထဲမှာ ရေငွေ့ထုတ်စက် တစ်လုံးလောက် အသုံးပြုထားမယ်ဆိုရင် နှုတ်ခမ်းများ စိုပြေနေရုံသာမက အသားအရည်ကိုလည်း စိုပြေ ကြည်လင်စေပါတယ်။ ကလေးငယ်တွေ နှာရည်ယို၊ နှာပိတ်ခြင်း၊ နှာခေါင်းယားတာတွေအတွက်လည်း များစွာ အသုံးဝင်ပါတယ်။

ပျားရည်သကြားအရောအနှော

နှုတ်ခမ်းခြောက်သွေ့ပြီး အရေပြားကွာခြင်းအတွက် ပျားရည်နဲ့သကြားကို ရောမွှေပြီး နှုတ်ခမ်းပေါ်ကို သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက် စုပ်ယူသွားအောင်ထားပြီး သွားတိုက်တံ အနုလေးနဲ့ နှုတ်ခမ်းပေါ်ကို ဖွဖွလေး ပွတ်တိုက်ပြီး ရေနဲ့သန့်စင်အောင် ဆေးကြောပေးပါ။ နှုတ်ခမ်းကွဲခြင်းနဲ့ အရေးပြာကွာခြင်းတွေကို သိသိသာသာ သက်သာလာစေပါလိမ့်မယ်။

Gree tea အိတ်ထုတ်များ

အသုံးပြုပြီးတဲ့ Green Tea အိတ်ကို နှုတ်ခမ်းပေါ် ၅မိနစ်လောက် ထားပေးပါ။ အဲဒီလို နေ့စဉ်လုပ်ဆောင်ပေးမယ်ဆိုရင် သင့်ရဲ့ နှုတ်ခမ်းကို စိုစိုပြေပြေလေး ဖြစ်စေပါလိမ့်မယ်။ ဒီနည်းဟာ ရှေးဟောင်းနည်းတစ်မျိုးဖြစ်ပြီး အကျိုးအာနိသင်ရှိပြီး တကယ် ထိရောက်တဲ့နည်း ဖြစ်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာ အစိုဓာတ်ကို သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းပေးတဲ့ ဒြပ်စင်များစွာ ပါဝင်ပါတယ်။ သံလွင်ဆီကို ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို သုတ်လိမ်းနိုင်သလို ရေနဲ့ရောပြီး သောက်သုံးခြင်းဖြင့် အစိုဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

Ref: Reader’s Digest

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top