ကြက်ဥပြုတ်သည်ဘဝမှ အိုင်တီ Developer တစ်ယောက်ဖြစ်လာသူ

w.gif

အမည်အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာနေထိုင်ပါတယ်။

မိဘဆင်းရဲတာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တက်နိုင်ခဲ့ပြီး တက္ကသိုလ်ဆက်မတက် နိုင်ခဲ့ပါဘူး။

ဒါကြောင့် မနီလာမြို့ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီကမှသူ့ကိုလက်မခံပါဘူး။ အထက်တန်းကျောင်းပြီးရုံပဲရှိတဲ့လူတစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့အလုပ်ရနိုင်တယ်ဆိုတာကိုလည်းသိပေမယ့် သူဟာ စကားအပြောအဆိုညံ့ဖျင်းသူတစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကိုမလျှောက်ခဲ့ပါဘူး။ ဒါနဲ့မိသားစုစားဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့အလုပ်ကိုပဲ သူစတင်လုပ်ကိုင်ပါတော့တယ်။ နေ့ရောညပါ အားရင်အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီးခရီးသွားရတာပါ။ နောက်တော့ရထားစီးဖို့ ပိုက်ဆံကိုတောင်မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။

သူက အိုင်တီမှာ လေ့လာချင်စိတ်လေး ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုတစ်ခုလေ့လာ ရင်း အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ့ပါတယ်။ နောက်တော့ Tesda ကပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံးအွန်လိုင်းကနေ စတင်လေ့လာပါတယ်။ အွန်လိုင်းမှာပဲ သူတို့ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။ ဒီအတွက် Quezon City က Informatics College မှာ သွားတက်ရမှာပါ။ သူနေတဲ့ မြို့ Angono ကနေ ဆိုရင် ရထားစီးသွားရမှာဖြစ်ပေမယ့် (၃) နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် (၂၀) ကျော်ပဲ ရှိပါသေးတယ်။ အသွားကော၊ အပြန်မှာပါ။ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲကစာတွေကိုလည်း စိတ်ဝင်တစားလေ့လာပါတယ်။

အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်းစာမေးပွဲမှာ အမှတ်အများဆုံးရရှိပြီး Top scholar တစ်ဦးဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီးသွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့ အွန်လိုင်း Student Portal ကိုလည်း သူပဲဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစုစားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့ကြိုးစားမှု ကြောင့်လည်း လက်ရှိ ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလို့ ပညာသင်ရင်း တစ်ဖက်အသက်မွေးဝမ်းကျောင်းလျက်ရှိတယ်လို့ သိရပါတယ်။ ယခုဆိုရင် ကိုယ်ပိုင် Web Development ကုမ္ဗဏီကြီးတစ်ခုကို တည်ထောင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top