ကမ်းခြေများ၏ သန့်ရှင်းမှုကို အလေးပေးရန် လုံ့ဆော်သည့် ဘရာဇီး နိုင်ငံသား ကောင်လေး

yyl-29-011.jpg

ဘရာဇီးနိုင်ငံသား ကောင်လေးတစ်ယောက်သည် လောင်ဆာဆီတွေကြောင့် ညစ်ညမ်းနေသည့် ဘရာဇီး ပင်လယ်ရေအနက် ခါးလည်လောက် ထဲမှ မောပန်းညစ်ပေစွာ ကမ်းခြေသို့ ဦးတည်လာသည်ကို ဓာတ်ပုံဆရာမှ ရိုက်ကူးထားသော ပုံသည် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဘရာဇီး နိုင်ငံရှိ Pernambuco ပြည်နယ်၊ Cabo de Santo Agostinho ဒေသ၊ Itapuama ကမ်းခြေတွင် လောင်ဆာဆီကြောင့် ကမ်းရိုးတမ်း တစ်လျှောက် ညစ်ညမ်းမှုများဖြစ်နေသည်မှာ နှစ်လလောက်ရှိပြီဟု ဆိုသည်။ Everton Miguel dos Anjos ဟူခေါ်သည့် အသက် ဆယ့်သုံးနှစ်အရွယ် ကောင်လေး၊ သူ၏ ညီအကိုလေးယောက် နှင့် အခြားဝမ်းကွဲ ညီအကိုများ အားလုံးသည် အခြားသော စေတနာ့ ရာချီသည့် ဝန်ထမ်းများ နှင့် အတူ ထိုကမ်းခြေရှိ ဆီများကို သန့်ရှင်းခြင်း နှင့် ကမ်းရိုးတမ်းရှိ ကျောက်တုံးများမှ ဆီများကို တိုက်ချွတ်ပေးခြင်း တို့ကို လုပ်ဆောင်ခဲ့ကြသည်။

သူသည် အစကတော့ T-shirt ကိုဝတ်ဆင်၍ ပင်လယ်ထဲသို့ ဆင်းသွားကာ သန့်ရှင်းရေးစတင်ခဲ့ရာ သူ၏အဝတ်အစားများ ဆီစွန်း၍ ညစ်ပတ်လာခဲ့ရသည်။ ထို့နောက် သူသည် ပလတ်စတစ် အမှိုက်အိတ်ကို ဝတ်ဆင်ကာ ဆက်လက် လှုပ်ဆောင်ခဲ့သည် ဟုဆိုသည်။ ကောင်လေး၏ ဓာတ်ပုံကို ကမ္ဘာတစ်ဝှမ်းမှ အဖွဲ့အစည်းများ ထုတ်ပြန်ပြီး အနောက်တွင် ကောင်လေး၏ အမေက ထိုဓာတ်ပုံကို တွေ့သော အခါ သူ့အမေ က သူ့ကို ဆူသည်ဟု ဓာတ်ပုံဆရာအားပြောသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply