ချစ်သူသက်တမ်းနှစ်နှစ်ပြည့်ပြီးတဲ့နောက် အချိန်အနည်းငယ်အတွင်းမှာပဲ ဂျနီဖာ စေ့စပ်လက်စွပ်ဝတ်ဆင်ထားတဲ့ဓာတ်ပုံကို အဲလက်စ်က “She said yes” ဆိုတဲ့စာသားနဲ့ အတူ သူ့ရဲ့တွစ်တာအကောင့်မှာတင်ပြီး ကြေညာလိုက်တာဖြစ်ပြီး ဂျနီဖာကလည်း အဲလက်စ်တင်တဲ့ပုံကိုပဲ အသည်းပုံ emoji caption လေးတပ်ပြီး သူ့ရဲ့အကောင့်မှာ တင်ထားတာကိုလည်း တွေ့ရပါတယ်။ နှစ်ဦးသားရဲ့ကြည်နူးစရာ Baker’s Bay အပန်းဖြေခရီးစဉ်အချိန်လေးအတွင်း အဲလက်စ်က ဂျနီဖာကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။
![](https://yoyarlay.com/wp-content/uploads/2019/03/10791654-6791191-image-a-28_1552182561492.jpg)
ဂျနီဖာ စေ့စပ်လက်စွပ်ဝတ်ဆင်ထားတဲ့ဓာတ်ပုံ
အိမ်ထောင်သုံးဆက်ရှိခဲ့ဖူးတဲ့ ဂျနီဖာကတော့ အခုလေးဆက်မြောက်အိမ်ထောင်ရေးကို အရင်လိုအပြောင်းအလဲမမြန်ဘဲ ရေရှည်ခရီးဆက်သွားဖို့ ဆန္ဒရှိနေပြီး “အရင်အိမ်ထောင်ရေးတွေမှာ အလျင်စလိုသိပ်ဆန်ခဲ့ပြီး အပြောင်းအလဲများခဲ့တယ်လေ။ အခုတစ်ကြိမ်တော့ ခိုင်ခိုင်မြဲမြဲရှိချင်ပါပြီ” လို့ ပြောပြခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/03/4D2F634D00000578-5839579-image-a-1_1528898124771.jpg)
ကြည်နူးစရာကောင်းတဲ့ ပေါင်းစည်းမှု
အဲလက်စ်မှာ အရင်အိမ်ထောင် စင်သီယာ စကာ့တစ်နဲ့ (၇) နှစ်တာ အိမ်ထောင်သက်အတွင်းရခဲ့တဲ့ အဲလာ အလက်ဇန်းဒါး နဲ့ နာတာရှာ အလက်ဇန်းဒါးဆိုတဲ့ သမီးနှစ်ယောက်ရှိနေပြီး ဂျနီဖာမှာကတော့ သူ့ရဲ့တတိယအိမ်ထောင်ဖက် မာ့ခ်အန်သိုနီနဲ့ရခဲ့တဲ့ (၁၁) နှစ်အရွယ်အမွှာ မက်ဇီမီလျံနဲ့ အမ်မီ ဆိုတဲ့ သားသမီးတွေရှိနေပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/03/10791708-6791191-image-a-48_1552185650486-e1552194273888.jpg)
ကြည်နူးစရာကောင်းတဲ့ ပေါင်းစည်းမှု
ဂျနီဖာရဲ့ ပထမဆုံးအိမ်ထောင်က ကျူးဘားသရုပ်ဆောင် အိုဂျာနီ နိုအာ (Ojani Noa) ဖြစ်ပြီး တစ်နှစ်အကြာပေါင်းသင်းပြီးနောက် လမ်းခွဲခဲ့ကာ ၂၀၀၁ မှာ သူ့ရဲ့တွဲဖက်အကသမား ခရစ္စ ဂျု့ဒ် (Criss Judd) နဲ့ ထပ်အိမ်ထောင်ပြုခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ လမ်းခွဲလိုက်တာဖြစ်ပါတယ်။
Ref: Dailymail “Jennifer Lopez and Alex Rodriguez are engaged!”
TH (ရိုးရာလေး)