မာဒုံဆော့အပါအဝင် ရုပ်ရှင်သရုပ်ဆောင်တွေ ဓာတ်လှေကားထဲပိတ်မိနေလို့ ရုပ်ရှင်မိတ်ဆက်ပွဲဖျက်သိမ်းခဲ့ရတဲ့အဖြစ်

8.5.24-yyl-1.jpg

မကြာသေးခင်က ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ The Roundup:Punishment ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေ ဓာတ်လှေကားထဲပိတ်မိနေခဲ့ပြီး မိတ်ဆက်ဖို့အတွက် မလာနိုင်ခဲ့ဘူးလို့ မေလ ၅ ရက်နေ့က ရုပ်ရှင်သရုပ်ဆောင်တွေကို လာကြည့်တဲ့သူတစ်ဦးက X (တွစ်တာ) မှာ ရေးသားခဲ့တဲ့အပြင် ရုပ်ရှင်ရဲ့တာဝန်ရှိသူတစ်ဦးက ပွဲအခမ်းအနားကို ဖျက်သိမ်းကြောင်း ကြေညာတဲ့ဗီဒီယိုလည်း တင်ပေးခဲ့ပါတယ်။

ရုပ်ရှင်ရုံက ပွဲလာပရိသတ်တွေကို ပြန်ပေးဆပ်တဲ့အနေနဲ့ ဩဂုတ်လအထိ အကျုံးဝင်တဲ့ 2D ရုပ်ရှင်လက်မှတ်တစ်စောင်စီပေးခဲ့ပေမဲ့ မကျေနပ်ဖြစ်ခဲ့ကြပါတယ်။ ပွဲလာပရိသတ်တွေက ရုပ်ရှင်သရုပ်ဆောင်တွေကို လူချင်းမြင်တွေ့ချင်ခဲ့ကြတာပါ။ သူတို့စောင့်ဆိုင်းခဲ့ကြပေမဲ့ ရုပ်ရှင်ရုံက ဘာဖြေရှင်းချက်မှမပေးဘဲ လက်မှတ်တွေကိုပဲ အိမ်သို့ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ရုံက မင်းသားမာဒုံဆော့က လေးတဲ့အတွက်ကြောင့် ဓာတ်လှေကားရွေ့မရဖြစ်ခဲ့တာလို့တောင် စနောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီနေ့က ရုပ်ရှင်သရုပ်ဆောင်တွေဟာ ထိခိုက်မှုမရှိဘဲ ဓာတ်လှေကားထဲကထွက်နိုင်ခဲ့ပြီး အခြားရုပ်ရှင်ရုံက မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

The Roundup: Punishment ရုပ်ရှင်ကားက The Roundup ရဲ့နောက်ဆက်တွဲ ၄ ကားမြောက်ဖြစ်ပြီး ဖိလစ်ပိုင်မှာ ဝန်ထမ်းတစ်ဦးကို သတ်ခဲ့တဲ့ အွန်လိုင်းလောင်းကစားဝိုင်းတစ်ခုရဲ့ခေါင်းဆောင် ဘတ်ချန်ဂီကို ခြေရာခံလိုက်နေတဲ့ ရဲစုံထောက် မာဆော့ဒိုအကြောင်းဖြစ်ပါတယ်။

Ref: ‘They joked the elevator couldn’t move because Ma Dong-seok was heavy’: Seoul event cancelled after movie cast gets stuck in lift

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top