ကော်လိုရာဒိုပြည်နယ်မှာ Quarantine ကန့်ကွက်ဆန္ဒပြသူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ပိတ်ဆို့တားဆီး

22-4-2020-yyl-025.jpg

အမေရိကန်နိုင်ငံမှာ မြို့တော်တော်များများနဲ့ ပြည်နယ်အကုန်လုံးကို Lockdown ချထားတဲ့အတွက် တင်းမာမှုတွေ မြင့်တတ်နေပါတယ်။ နိုင်ငံတစ်ဝှမ်းက လူတွေက ကိုရိုနာဗိင်းရပ်စ်ကြောင့် Lockdown ချထားတဲ့အမိန့်တွေကို ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ ဒါပေမဲ့ ကော်လိုရာဒိုပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေက အဲဒီလိုလူမျိုးတွေကို ပြန်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

သုတေသနပညာရှင်တွေနဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေက လူတွေနဲ့ ခပ်ခွာခွာနေတာက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မယ့် အကောင်းဆုံးနည်းလို့ သတိပေးထားပေမဲ့ လူတိုင်းအတွက် မလိုက်နာနိုင်ခဲ့ကြပါဘူး။ တစ်ပတ်ကျော်လောက်က Quarantine လုပ်ခံထားရတဲ့သူတွေက အမေရိကနိုင်ငံရဲ့မြို့တော်တော်များများမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ ဒန်ဗားမြို့က ကျန်းမာရေးဝန်ထမ်းတွေက ဒါကိုတားမြစ်ခဲ့ကြပါတယ်။

လူရာပေါင်းများစွာက အလံဝှေ့ရမ်းပြီး ဆန္ဒပြတဲ့ဆိုင်းဘုတ်တွေကိုင်ပြီး စုဝေးခဲ့ကြပါတယ်။ ကားတွေ၊ ကုန်တင်ကားတွေနဲ့လည်း အတန်းလိုက်ကြီး ဟွန်တီးခဲ့ကြပါတယ်။ ဆန္ဒပြကန့်ကွက်သူတွေက နှစ်စုခွဲပြီး လုပ်ခဲ့ကြတာလို့ သတင်းအရသိရပါတယ်။ ဒန်ဗားမြို့မှာရိုက်ခဲ့တဲ့ ပုံတွေနဲ့ဗီဒီယိုတွေက လူကူးလမ်းပေါ်မှာ ရပ်နေတဲ့၊ ကားတွေကို ပိတ်ဆို့ရပ်ထားတဲ့ အကာအကွယ်ပါးစပ်နဲ့နှာခေါင်းစည်းတွေဝတ်ဆင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပြနေပါတယ်။ USA တီရှပ်ကို ဝတ်ဆင်ထားပြီး ကားတံခါးပေါက်ကနေ ထွက်ရပ်နေတဲ့ အမျိုးသမီးက “Land of the Free… ကွန်မြူနစ်စနစ်ကို လိုချင်ရင် တရုတ်ကို သွား” ဆိုပြီး အော်ဟစ်နေခဲ့ပါတယ်။ “Land of the Free” ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ပြီး ဟစ်ကြွေးနေကြတာဖြစ်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေက လမ်းဆုံမှာ ရပ်ပြီး ဘာမှမပြောဘဲတိတ်ဆိတ်ငြိမ်သက်စွာနဲ့ ကားတွေကို ပိတ်ဆို့ခဲ့ကြပါတယ်။ ဆန္ဒပြကန့်ကွက်သူတွေက သူတို့ကို ရန်ပြုတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ သူတို့တွေက လူသားတွေရဲ့အသက်က အစွန့်အဖျားမှာရှိနေတယ်ဆိုတာ သိရှိစေဖို့ အဲဒီမှာ ရပ်နေကြတာဖြစ်ပါတယ်။ ဆော့ဝဲလ်အင်ဂျင်နီယာ Marc Zennက သူကိုယ်တိုင်မြင်တွေ့ပြီး ရိုက်ခဲ့တဲ့ ဗီဒီယို https://tinyurl.com/y9v3uom6 ကို မျှဝေခဲ့ပါတယ်။

ကော်လိုရာဒိုပြည်နယ်အုပ်ချုပ်ရေးမှူးက အိမ်မှာနေဖို့အမိန့်ကို ဧပြီလ ၂၆ ရက်နေ့ထိ ချမှတ်ထားတာဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းက ဆန္ဒပြသူတွေက ကိုရိုနာဗိုင်းရပ်စ်ကြောင့် တားမြစ်ပိတ်ဆို့မှုတွေကိုဆန့်ကျင်နေကြတာဖြစ်ပါတယ်။ သူတို့ရဲ့လွတ်လပ်မှုတွေ၊ အခွင့်အရေးတွေကို ထိပါးခံနေရပြီး lockdown က သူတို့ရဲ့ဝင်ငွေကို ခြိမ်းခြောက်နေတယ်လို့ ပြောပါတယ်။ အမေရိကန်လူဦးရေရဲ့ ၉၇ ရာခိုင်နှုန်းကျော်က lockdown ချခံထားရတာဖြစ်ပါတယ်။

Ref: Medical Workers In Denver, Colorado Block Quarantine Protesters

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top