အတွင်းရေးဗီဒီယိုတွေ ဖြန့်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ငယ်ပါဖြတ်ခံရ

28.2.2023-image-9.jpg

အင်ဒိုနီးရှားနိုင်ငံက ဟိုတယ်တစ်ခုမှာ အမျိုးသားတစ်ယောက် ငယ်ပါ ဖြတ်ခံရပြီး အထူးကြပ်မတ်ကုသဆောင်ကို အရေးပေါ် တင်ထားရပါတယ်။ အသက် ၂၈ နှစ်အရွယ် အိုဂျီ (အမည်အတိုကောက်)ဆိုတဲ့ အမျိုးသားဟာ ဖေဖော်ဝါရီလ ၂၅ ရက်က သူ့ချစ်သူ အမျိုးသမီးနဲ့အတူ ဟိုတယ်ကို သွားခဲ့ပြီး အတူနေဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီးက စိတ်မပါဘူးလို့ ငြင်းဆန်ခဲ့ချိန်မှာ အိုဂျီက သူတို့ရဲ့အတွင်းရေးဗီဒီယိုတွေ အွန်လိုင်းပေါ် တင်လိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

အိုဂျီ ရေချိုးဖို့ ပြင်နေချိန်မှာ အမျိုးသမီးက ဓားနဲ့ ငယ်ပါကို ဖြတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ အသုံးပြုခဲ့တဲ့ဓားက အိုဂျီရဲ့ဓားပါ။ ဆူမားတြားကျွန်းမြောက်ပိုင်း ကိုတာဆီဘိုဂါမြို့က ဟိုတယ်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ အိုဂျီနဲ့ ဒီအမျိုးသမီး တွဲနေတာ ၇ လလောက် ကြာပြီလို့ ဆိုပါတယ်။

အခင်းဖြစ်ပွားပြီးနောက်မှာ အမျိုးသမီးက သူ့ကို အကူအညီလာတောင်းခဲ့တယ်လို့ ဟိုတယ်ဧည့်ကြိုက ပြောပါတယ်။ ငယ်ပါဖြတ်ခံရပြီးနောက် သွေးအလွန်ထွက်နေတဲ့ အိုဂျီကို အနီးနားက ဆေးရုံထံ အရေးပေါ်တင်ပို့ခဲ့ရပြီး အရေးပေါ်ကုသဆောင်မှာ ကုသခဲ့ရတာပါ။

အေအက်စ်တီ (အမည် အတိုကောက်) ဆိုတဲ့ အမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းထားပေမဲ့ ရဲတပ်ဖွဲ့က စွဲချက်တင်ခြင်း မရှိသေးပါဘူး။

Ref: Indonesian woman allegedly cuts off boyfriend’s penis after he threatened to leak their sex videos

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top