ဘာသာစကားပေါင်း ၁၄၀ နဲ့ သီချင်းဆိုပြနိုင်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ ဆယ်ကျော်သက်ကောင်မလေး

8.1.24-yyl-19.jpg

အိန္ဒိယနိုင်ငံ၊ ကယ်ရာလာပြည်နယ်က ဆယ်ကျော်သက်ကောင်မလေးဟာ နိုဝင်ဘာ ၂၄ ရက်နေ့က ဒူဘိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဖျော်ဖြေပွဲအတွင်း သူ့ရဲ့သီချင်းဆိုစွမ်းရည်ကို ဘာသာစကားပေါင်း ၁၄၀ နဲ့ အံ့ဖွယ်ပြသနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်လိုက်ပါပြီ။

အဲ့ဒီကောင်မလေးက အသက် ၁၈ နှစ်အရွယ် ဆူချီသာ ဆာတစ်ချ်ဆိုသူဖြစ်ပြီး သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုကို အင်စတာဂရမ်မှာ မျှဝေခဲ့ပြီး နားထောင်သူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ၉ နာရီကြာ ဘာသာစကားပေါင်း ၁၄၀ နဲ့ သီချင်းသီဆိုပြနိုင်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်သစ်တင်ခဲ့တယ်ဆိုတဲ့သတင်းကိုလည်း သူက မျှဝေခဲ့ပါသေးတယ်။

ဆာတစ်ချ်က ဒူဘိုင်းရှိ Indian Consulate Auditorium မှာ ရာသီဥတုပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး အသိပညာပေးဖို့အတွက် ဘာသာစကား ၁၄၀ နဲ့ ဖျော်ဖြေတင်ဆက်ခြင်းဖြင့် စံချိန်ချိုးခဲ့တယ်။ ဒူဘိုင်းမှာ ကျင်းပတဲ့ COP 28 ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံပေါင်း ၁၄၀ ကို ကိုယ်စားပြုဖို့ ဘာသာစကားအရေအတွက် ၁၄၀ ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုပါတယ်။

Ref: Kerala Woman Sings In 140 Languages, Sets Guinness World Record

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top