ပုံမှန်ထိုင်ခုံအစား နှစ်ယောက်အိပ်ကုတင်နဲ့ ကြည့်နိုင်မယ့်ရုပ်ရှင်ရုံ

vlcsnap-2019-05-17-17h24m12s228.png

ထိုင်ခုံနဲ့ ရုပ်ရှင်ကြည့်ရတာညောင်းတယ် ဆိုသူတွေအတွက် ဇိမ်နဲ့လှဲပြီးကြည့်လို့ရတဲ့ ရုပ်ရှင်ရုံအသစ်ပေါ်လာပါပြီ။ မြန်မာနိုင်ငံမှာတော့ မဟုတ်ပါဘူး။ VIP ထဲကအိပ်ရာပေါ်ကနေ ပိတ်ကားပြင်ပေါ်ကရုပ်ရှင်ကို ရှုစားနိုင်စေမယ့် ဒီရုပ်ရှင်ရုံသစ်ကို ဆွစ်ဇာလန်နိုင်ငံမှာဖွင့်လှစ်လိုက်တာပါ။

Netflix နဲ့ Amazon Prime တို့လို အွန်လိုင်းရုပ်ရှင်ရုံတွေရဲ့ပရိသတ်တွေကို တကယ့်ရုပ်ရှင်ရုံမှာ ကြည့်ချင်လာအောင် အဓိကရည်ရွယ်ဖန်တီးထားတာဖြစ်

Netflix နဲ့ Amazon Prime တို့လို အွန်လိုင်းရုပ်ရှင်ရုံတွေရဲ့ပရိသတ်တွေကို တကယ့်ရုပ်ရှင်ရုံမှာ ကြည့်ချင်လာအောင် အဓိကရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး ရုံအတွင်းသန့်ရှင်းမှုကို အလေးထားမှာဖြစ်ကာ မလျော်ကန်တဲ့လုပ်ရပ်မျိုးတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ရုပ်ရှင်ရုံတာဝန်ရှိသူတွေက ဆိုထားပါတယ်။

နှစ်ယောက်အိပ်ကုတင် (၁၁) လုံးပါဝင်ပြီး တစ်ခုချင်းစီမှာ အတိုးအလျော့ပြုလုပ်နိုင်တဲ့ ခေါင်းမှီတွေလည်း ပါဝင်

ရုပ်ရှင်တစ်ကားပြသပြီးတိုင်း အိပ်ရာခင်းအသစ်လဲလှယ်ပေးမှာဖြစ်ပြီး ဒီလိုမျိုးပြုလုပ်နိုင်အောင် ကြိုးစားစမ်းသပ်ပြီးပြီလို့ သိရပါတယ်။ ဆွစ်ဇာလန်မှာတော့ ဒီလိုစနစ်က ထူးခြားနေဆဲဖြစ်ပေမဲ့ နိုင်ငံရပ်ခြားမှာ စမ်းသပ်ခဲ့ရာမှာတော့ အခက်အခဲတစ်စုံတစ်ရာမရှိခဲ့ဘူးလို့သိရပါတယ်။ ရုပ်ရှင်ရုံထဲမှာ နှစ်ယောက်အိပ်ကုတင် (၁၁) လုံးပါဝင်ပြီး တစ်ခုချင်းစီမှာ အတိုးအလျော့ပြုလုပ်နိုင်တဲ့ ခေါင်းမှီတွေလည်း ပါဝင်ပါတယ်။

ဒီရုပ်ရှင်ရုံမှာကြည့်မယ်ဆိုရင်တော့ ရုပ်ရှင်လက်မှတ်ခက (၃၇) ပေါင် (£37) ကျသင့်မှာဖြစ်ပြီး စားစရာနဲ့ အအေးကတော့ အခမဲ့ဖြစ်ပေမဲ့ ပုံမှန်ထိုင်ခုံနဲ့ရုပ်ရှင်ရုံတွေရဲ့လက်မှတ်ခက (၁၉.၅) ပေါင် ဖြစ်တာမို့ တစ်ဆကျော်လောက်ပိုပေးရမယ့်သဘောပါပဲ။

Ref: Dailymail “New cinema has DOUBLE BEDS instead of seats”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top