တောမီးငြိမ်းနေရလို့ ပင်ပန်းနေတဲ့ မီးသတ်သမားတွေကို စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ ရောဂါကုထုံးခွေးလေး

18-9-2020-yyl-012.jpg

ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝှမ်းမှာ တောမီး ဆက်လက်လောင်ကျွမ်းနေတဲ့အတွက် မီးသတ်သမားတွေက တောမီးကို ထိန်းချုပ်နိုင်ဖို့ နေမအားညမအားငြိမ်းသတ်ပေးနေရပါတယ်။ အဲဒီလို နေမအားညမအားမီးငြိမ်းသတ်ပေးနေရတာကြောင့် ပင်ပန်းနေကြရတဲ့ မီးသတ်သမားတွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးဖို့အတွက် ဒီ (၂) နှစ်သားခွေးမလေးက တောမီးလောင်ကျွမ်းနေတဲ့နေရာတွေကို လာရောက်ခဲ့ပါတယ်။ ကီရစ်သ် ဆိုတဲ့ ခွေးလေးက မီးသတ်သမားတွေကို ပျော်ရွှင်ရအောင်၊ စိတ်ဓာတ်ခွန်အားဖြစ်အောင် လုပ်ပေးရတဲ့ ရောဂါကုထုံးခွေးလေးပါပဲ။

ကီရစ်သ်ရဲ့သခင် ဟေဒီ ကာမန်းကတော့ ဂိုးလ်ဒင်း ရီထရီဗာခွေးတွေက လူသားတွေကို ကူညီပေးတဲ့သူဖြစ်ဖို့ ကံတရားက စီမံထားခဲ့တာဖြစ်ပြီး အစကတော့ သူက အားနည်းတဲ့သူတွေရဲ့လမ်းပြခွေးဖြစ်ဖို့အတွက် ပျိုးထောင်ပေးခဲ့တာပါ။ ဒါပေမဲ့ ရွှင်ပြတက်ကြွပြီး ခင်မင်ရင်းနှီးတတ်တဲ့၊ ကြင်နာတတ်တဲ့စရိုက်လေးကြောင့် ကီရစ်နဲ့ ပိုပြီးကိုက်ညီနိုင်မယ့် ထောက်ခံချက်ရရောဂါကုထုံးခွေးလေးလုပ်ခိုင်းဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကီရစ်က အခြားခွေးတွေထက်တောင် လူတွေကို ချစ်တတ်တယ်လို့ သိရပါတယ်။ ကီရစ်သ်က Pet Partners အဖွဲ့အစည်းမှာ လေ့ကျင့်ရေးဖြတ်ကျော်ခဲ့ရပြီး ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တာပါ။ အဲဒီနောက်မှာ ဆေးရုံက လူနာတွေ၊ သူတို့ရဲ့မိသားစုဝင်တွေ၊ ဆေးရုံဝန်ထမ်းတွေဆီ သူအလည်သွားပေးရမယ့် ကယ်လီဖိုးနီးယားပြည်နယ်က ဆေးရုံတစ်ရုံရဲ့အရေးပေါ်ဌာနမှာ စတင်အလုပ်လုပ်ခဲ့ပါတယ်။

မီးသတ်သမားတွေကလည်း ကီရစ်သ်ကို မြင်မြင်းချင်းချစ်ကြသလို ကီရစ်သ်ကလည်း သူတို့ကို ခင်တွယ်ခဲ့ကြပါတယ်။ မီးသတ်သမားတွေက သူတို့အလုပ်လုပ်တဲ့နေရာတွေကို လာလည်ပေးဖို့ တောင်းဆိုဖြစ်ခဲ့ကြပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝှမ်းမှာ တောမီးလောင်ကျွမ်းနေတဲ့အချိန်မှာ ကီရစ်သ်ရဲ့သခင် ဟေဒီက တာဝန်ကျနေတဲ့ မီးသတ်သမားတွေကတော့ ကီရစ်သ်ရဲ့ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတွေ လိုအပ်နေပြီဆိုတာကို သိခဲ့ပါတယ်။ ဒါကြောင့် Marin County က Woodward Fire Base Camp နဲ့ Fresno County က Creek Fire Base Camp တွေဆီ ကီရစ်သ်ကို ခေါ်သွားခဲ့ပါတယ်။

ဟေဒီက ကီရစ်သ်နဲ့ မနက် ၆ နာရီဝန်းကျင်လောက်ရောက်သွားတဲ့အချိန်မှာ မီးသတ်သမားတွေက မနက်စာစားနေကြပြီး တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ကီရစ်သ်က သူတို့ဆီသွားပြီး တိုးဝှေ့ပွေ့ဖက်တာ၊ အနမ်းပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ မီးသတ်သမားတွေကလည်း ကီရစ်သ်ကို မြင်ပြီး ပင်ပန်းမှုတွေ ခဏတာပြေပျောက်သွားတဲ့ပုံပါပဲ။ ကီရစ်သ်ရောက်လာလို့ သူတို့ရဲ့အပြုံးတွေကို ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရမှာပါ။

ဂိုးလ်ဒင်း ရီထရီဗာခွေးတွေက လူတွေကို စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးနိုင်စွမ်းရှိတယ်လို့ ဟေဒီက ပြောပါတယ်။ “မီးသတ်သမားတစ်ယောက်က အရမ်းစိတ်လှုပ်ရှားပြီး မြေကြီးမှာ လဲချလိုက်ရင် ကီရစ်သ်က လှည့်ပတ်ပြေးလွှားပြီး သူနဲ့အတူ ဆော့ကစားပါတယ်။ မီးသတ်သမားက ငြိမ်သက်နေပြီး စိတ်ဖိစီးနေရင် ကီရစ်သ်ကလည်း ငြိမ်သက်နေပါလိမ့်မယ်”လို့ ဟေဒီက ပြောပါတယ်။ လူတစ်ယောက် စိတ်ဖိစီးနေတဲ့အခါ ကီရစ်သ်က သူ့အနီးနားမှာ ထိုင်နေပေးတတ်ပါတယ်။ တစ်ခါတလေ သူတို့ရဲ့ခြေထောက်ပေါ်မှာ ထိုင်ပြီး အဲဒီလူရဲ့ခန္ဓာကိုယ်ကို မှီနေတတ်ပါတယ်။ အဲဒီလူ သူ့ကို လိုအပ်နေတဲ့အချိန်အတွင်း ရှိနေပေးတယ်လို့ ဆိုပါတယ်။

ရောဂါကုထုံးခွေးတွေကို နှစ်သိမ့်တတ်အောင်၊ စိတ်ဓာတ်ခွန်အားပေးတတ်အောင် လေ့ကျင့်ပေးတာဖြစ်ပါတယ်။ အဲဒီလိုမျိုးခွေးတွေက လမ်းပြခွေးတွေလိုမဟုတ်ဘဲ စိတ်ဓာတ်ခွန်အားပေးဖို့အတွက် ဘိုးဘွားရိပ်သာ၊ ဆေးရုံတွေလို နေရာတွေကို အလည်သွားရပါတယ်။

Ref: Boredpanda “Kerith The Golden Retriever Is Visiting Areas Affected By Fires In California To Comfort Overworked Firefighters”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top