ကျန်းမာရေးအခြေအနေကို ဖော်ပြပေးနေတဲ့ ဆီးအရောင်များ

doctor-working-with-urine-samples-in-a-clinical-6KPBZMG.jpg

ကျောက်ကပ်တွေက သွေးတွေကို သန့်စင်ပေးနိုင်ဖို့ ဆီးကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ဆီးအိမ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု လျှော့ကျလာရင် ဆီးတွေ စုပုံလာပြီး ကျောက်ကပ်တွေဆီကို ပြန်သွားပါတယ်။

ဆီးသွားလမ်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်က ခန္ဓာကိုယ်တွင်းမှာ ပိုလျှံနေတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပေးတာဖြစ်လို့ အလုံးစုံသော ကျန်းမာရေးအတွက် အလွန်ကို အရေးကြီးပါတယ်။

ပုံမှန်အားဖြင့် ကျောက်ကပ်တွေက ခန္ဓာကိုယ်တွင်း အရည်နဲ့ အညစ်အကြေးတွေ စုဖွဲ့လာခြင်းကို ကာကွယ်ပေးပြီး အရိုးများ သန်မာစေတာ၊ သွေးနီဥဆဲလ်များ ထုတ်လွှတ်တာ၊ ကိုယ်တွင်းရှိ လျှပ်လိုက်ရည်အဆင့်များကို တည်ငြိမ်စေတာနဲ့ သွေးဖိအားကို ထိန်းညှိပေးတဲ့ ဟော်မုန်းများကို ထုတ်လုပ်တာ စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။

ဒါကြောင့် ဆီးကို ပုံမှန်စွန့်ထုတ်ပစ်ဖို့နဲ့ ဆီးလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်ရွက်ချက်ကို ပံ့ပိုးပေးဖို့အတွက် ဆီးအိမ်နဲ့ ကျောက်ကပ် ပြဿနာများကို အချိန်မီ သိရှိ ကုသနိုင်ဖို့က အရေးကြီးလှပါတယ်။ အများအားဖြင့် ဆီးအရောင်ဟာ အဝါရောင် ဖြစ်ပါတယ်။ ဆီးမှာ ယူရီးယားဓာတ်၊ ခရစ်တင်နင်းဒြပ်ပေါင်း၊ ပျော်ဝင် ဒြပ်ပေါင်းတွေနဲ့ အခြားသော အော်ဂဲနစ်နဲ့ အင်အော်ဂဲနစ် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒီအညစ်အကြေးတွေဟာ ခန္ဓာကိုယ်တွင်း စုပုံလာရင် ကိုယ်အင်္ဂါတွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဆီးအရောင်ဟာ အနီရောင်သွေးဆဲလ်အဟောင်းများ ပျက်စီး ယိုယွင်းခြင်းကနေ ရရှိလာတဲ့ အညစ်အကြေးဖြစ်တဲ့ ယူရိုဘလင်တည်ရှိခြင်းကြောင့် ဖြစ်ပေါ်လာရပါတယ်။ ဆီးအရောင်နဲ့ အနံ့ဟာ ခန္ဓာကိုယ် အခြေအနေကို ဖော်ပြနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ဆီးအရောင်က လိမ္မောရောင်၊ အကြည်ရောင်၊ အနီရင့်ရောင် သို့မဟုတ် ပန်းရောင် ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာရပ်တွေရဲ့ အဓိပ္ပာယ်တွေကို ပြောပြပေးချင်ပါတယ်။

အဝါဖျော့ရောင်

အဝါဖျော့ရောင်ကတော့ အများအားဖြင့် ဆီးရဲ့တွေ့ရတတ်တဲ့ အရောင်ဖြစ်ပါတယ်။ ဒီအရောင်ဟာ သင့်ကျန်းမာရေးဟာ အကောင်းဆုံးအခြေအနေမှာ ရှိကြောင်းကို ဆိုလိုပါတယ်။

မရင့်မဖျော့အဝါရောင်

ဒီအရောင်ကတော့ ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်တဲ့ လက္ခဏာရပ်ကို ပြသခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအရောင်ကို သတိပြုမိတိုင်းမှာ ရေကိုသောက်သုံးပေးသင့်ပါတယ်။

အဝါရင့်ရောင်

ရေဓာတ်များစွာ ခမ်းခြောက်နေပြီဆိုရင်တော့ ဆီးဟာ အဝါရင့်ရောင် ဖြစ်လာပါတယ်။ ဒါကြောင့် ကျောက်ကပ် ပျက်ဆီးမှု မဖြစ်ရအောင် ချက်ချင်း ရေဓာတ်ကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။

အကြည်ရောင်

ဆီးအကြည်ရောင်ဟာ ကျန်းမာရေးပြဿနာကို သတိပေးတဲ့ လက္ခဏာတစ်ရပ်တော့ မဟုတ်ပေမဲ့ ရေကို အလွန်အကျွံ သောက်သုံးထားကြောင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ပြပါတယ်။ ပိုလျှံစွာ ရေသောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်း ဓာတုဆိုင်ရာ မညီမျှမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လိမ္မာရောင်

အသည်းရောဂါ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အချို့သော ဆေးဝါးတွေ အသုံးပြုတာ ဒါမှမဟုတ် သည်းခြေအိတ်အတွင်း သည်းခြေကျောက် ပိတ်ဆို့နေခြင်းကြောင့် ဆီးဟာ လိမ္မော်ရောင် ပြောင်းလဲသွားနိုင်ပါတယ်။

နို့နှစ်ရောင်

ပရိုတင်းဓာတ်နဲ့ တစ်သျှူးတွေရဲ့ လုပ်ဆောင်ချက် ရပ်တန့်သွားတာကြောင့် ဖြစ်ပေါ်တဲ့ အရောင်ဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ရောက်ခြင်းရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။

ပန်းရောင်

ဆီးအတွင်း သွေးပါလာတာဟာ ဆီးကို ပန်းရောင်အဖြစ် ပြောင်းလဲပေးပါတယ်။ ဒီလိုအခါမျိုးမှာ ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

ပန်းရင့်ရောင်

ဆီးဟာ ပန်းရင့်ရောင်ဖြစ်နေပြီဆိုရင်တော့ အလေးထားရမယ့် လက္ခဏာတစ်ရပ်ကို ပြသနေခြင်း ဖြစ်ပါတယ်။ ဒါဟာ ဆီးအိမ်အတွင်း ပိုးဝင်ရောက်ခြင်း သို့မဟုတ် ကင်ဆာဖြစ်ခြင်းကို ပြသတဲ့ သဘောဖြစ်လို့ ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင် ဆွေးနွေးသင့်ပါတယ်။

အနီရောင်

ဆီးဟာ သွေးရောင်ပြောင်းသွားပြီဆိုရင်တော့ သင့်တော်တဲ့ကုသမှုကို ခံယူပြီး ရောဂါပြဿနာကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။

စိမ်းပြာရောင်

ဒီလိုအရောင်ဆီးဟာ ဆေးဝါးအသုံးပြုခြင်း ဒါမှမဟုတ် အပြာရောင် သို့မဟုတ် အစိမ်းရောင် ဆိုးဆေး အရောင်အတုများနဲ့ ပြုလုပ်ထားတဲ့ အစားအစာများကို စားသုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတစ်ရပ် ဖြစ်ပါတယ်။

အညိုရောင်

အစွမ်းကုန် လေ့ကျင့်ခန်းပြုလုပ်ခြင်း သို့မဟုတ် ကျောက်ကပ် ပုံမှန်မဟုတ်ခြင်းကြောင့် ဆီးဆီးရောင်ဟာ အညိုရောင် ဖြစ်လာတတ်ပါတယ်။

Ref : Health : Learn What The Color Of Your Urine Means!

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top