ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး Artificial Intelligence(AI) Startup ကုမ္ပဏီတစ်ခုဖြစ်လာတဲ့ SenseTime Group

sensetime_01.jpg

SenseTime ဟာ Alibabaကနေ ဒေါ်လာ၆၀၀ မီလီယမ်နဲ့ တခြားသော ရင်းနှီးမြုပ်နှံသူတွေဆီကနေ ဒေါ်လာ ၃ဘီလီယမ်ကျော် ရရှိခဲ့ပြီး ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ဥာဏ်ရည်တု (AI) စနစ်ကို ဖန်တီးတဲ့ Startupတစ်ခု ဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ မျက်နှာပြင်ဖတ်ခြင်း နည်းပညာကို ဆောင်ရွက်နေတဲ့ SenseTime Group Ltd ရဲ့တန်ဖိုးက ဒေါ်လာ ၄.၅ ဘီလီယမ်လောက် တန်ကြေးရှိတယ်လို့ သိရပါတယ်။

SenseTimeဟာ မကြာသေးခင်အချိန်ကပဲ တရုတ်ကုန်သွယ်မှုကုမ္ပဏီ Suning.Com၊ စင်ကာပူအစိုးရပိုင်ငွေကြေးမြုပ်နှံမှုကုမ္ပဏီ Temasek Holdings တွေနဲ့ အခြားသော ရင်းနှီးမြုပ်နှံသူတွေ ပါဝင်ထားတဲ့ သူရဲ့ series-C ရန်ပုံငွေ ကောက်ခံတာကို ရပ်ဆိုင်းလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

၎င်းက ဒီလိုမျိုး ရင်းနှီးမြုပ်နှံမှုရတာဟာ ကမ္ဘာ့စံချိန်တင်လောက်မယ်လို့လည်း အခိုင်အမာ ပြောခဲ့ပါသေးတယ်။ တရုတ်အစိုးရက ဒီဥာဏ်ရည်တု(AI) နဲ့ ပတ်သက်ပြီး ၂၀၂၅မှာ အားလုံးရှေ့ ဦးဆောင်နိုင်ဖို့ လှုပ်ရှားနေတဲ့အချိန်မှာပဲ အခုလိုမျိုး ၄.၅ ဘီလီယမ်လောက်ရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ရရှိလိုက်တာ ဖြစ်ပါတယ်။

Google အလုပ်အမှုဆောင်ဥက္ကဌ အီရစ် စမစ်ထ် ကတော့ “ယုံကြည်လို့ရတဲ့ အကြောင်းပြချက်တွေ အများကြီး ရှိတယ်။ ကျွန်တော်က ဒီတရုတ်လူမျိုးတွေ ကောင်းတယ်လို့ ပြောနေတာကို ယုံလိုက်ပါ” ဆိုပြီး ပြောကြားထားပါတယ်။ ဒါ့အပြင် ရှရှားသမ္မတ ဗလပ်ဒီမဲယာ ပူတင်က အနာဂတ်မှာ ဥာဏ်ရည်တု(AI) ကို ဦးဆောင်နိုင်တဲ့နိုင်ငံကပဲ ကမ္ဘာကို လွှမ်းမိုးနိုင်မယ်လို့ ယုံကြည်တယ်ဆိုပြီး ပြောကြားထားပါသေးတယ်။

SenseTime ကနေ ဥာဏ်ရည်တု(AI) စွမ်းဆောင်ရည်ပါဝင်တဲ့ ဆော့ဝဲတစ်ခုကို ပြုလုပ်ထားပါတယ်။ တရုတ်ရဲတပ်ဖွဲ့ က အသုံးပြုနေတဲ့ ရုပ်ပုံဆန်းစစ်ခြင်းနည်းပညာမျိုးကို အဓိက အခြေခံပြီး အသုံးပြုထားတယ်လို့ သိရပါတယ်။ ကားတွေ၊ လူမျက်နှာပြင်တွေကို မီတာ၁၀၀ အဝေးကနေ ခွဲခြားနိုင်ပြီး နိုင်ငံရဲ့ databaseနဲ့ ကိုက်ညီမှုရှိလားလို့ စစ်ဆေးတဲ့နည်းပညာကလည်း လွန်ခဲ့တဲ့၂နှစ်လောက်ကတည်းက ရှိနေပြီးသား ဖြစ်ပါတယ်။

စတင်တည်ထောင်ပြီး ၃နှစ်အကြာ၂၀၁၇မှာ အမြတ်အစွန်းတွေရအောင် SenseTime က လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်လို့ ဒါဟာ startupလောကမှာ အံဩဖွယ်ရာတစ်ခု ဖြစ်လို့နေပါတယ်လို့ ဟောင်ကောင်တက္ကသိုလ်တစ်ခု က လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။ SenseTime ဟာ လက်ရှိမှာ HMCနဲ့ ပေါင်းပြီးတော့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ နည်းပညာကိုလည်း တီထွင်ဖန်တီးနေပါတယ်။

အလီဘာဘာကုမ္ပဏီက အလုပ်အမှုဆောင် ဂျိုး တက်စီယာ ရဲ့ ပြောကြားချက်အရ ဥာဏ်ရည်တု(AI)ဟာ အတွင်းကျကျ အသေးစိတ်လေ့လာမှုနဲ့ တွက်ချက်ခြင်းတွေမှာ အသုံးပြုတဲ့ R&D စွမ်းဆောင်ရည်တွေမှာဆိုရင် ပိုပြီး အကျိုးသက်ရောက်မှုတွေ ရှိတယ်လို့ သိရပါတယ်။ “လူလုပ်အသိဥာဏ်တုဖန်တီးမှုအပိုင်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေး အကျိုးအမြတ်တွေကို မြင်နေရတယ်။ ဆက်ပြီးတော့လဲ ရင်းနှီးမြုပ်နှံမှုတွေ လုပ်သွားဦးမှာပါ”လို့ ဂျိုး တက်စီယာ က ပြောကြားထားပါတယ်။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top