လက်ဝတ်ရတနာတွေ တောက်ပြောင်သွားအောင် ဘယ်လိုသန့်ရှင်းကြမလဲ

yyl-023-1.jpg

ကျွန်တော်တို့ အမြဲလိုလိုဝတ်ဆင်ဖြစ်တဲ့ လက်ဝတ်ရတနာတွေက ဝတ်ပါများလာရင် ချေးဝင်တာ၊ ဖုန်ဝင်တာတွေဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ လက်ဝတ်ရတနာတွေက မဲညစ်လာပြီး တောက်ပြောင်မှုမရှိတော့ပါဘူး။ ဒါကြောင့် လက်ဝတ်ရတနာတွေ ပြန်တောက်ပြောင်လာဖို့နဲ့ တာရှည်ခံဖို့အတွက် အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ လက်ဝတ်ရတနာတွေ တောက်ပြောက်လာဖို့ ဘယ်လိုသန့်စင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ရွှေလက်ဝတ်ရတနာတွေအတွက်

ရွှေလက်ဝတ်ရတနာတွေက စိုထိုင်းမှုများလာတဲ့အခါ မြန်မြန်ဆန်ဆန်ပဲ ဖုန်မှုန့်၊ အညစ်အကြေးတွေ ကပ်ညှိတတ်ပါတယ်။ ဒါကို သန့်စင်ဖို့ အကောင်းဆုံးနည်းက ဆပ်ပြာပါတဲ့ရေနွေးနွေးကို အသုံးပြုတာပါ။ ဆပ်ပြာပါတဲ့ရေနွေးနွေးထဲကို ရွှေလက်ဝတ်ရတနာတွေကို ၁၅ မိနစ်လောက် စိမ်ထားလိုက်ပြီး အဲဒီနောက် အညစ်အကြေးတွေကို သွားတိုက်တံအသုံးပြုပြီး ညင်ညင်သာသာလေး ဖယ်ရှားလိုက်ရမှာဖြစ်ပါတယ်။

ငွေထည်လက်ဝတ်ရတနာတွေအတွက်

ငွေထည်တွေက စိုထိုင်းလာရင် အနက်ရောင်ပြောင်းသွားတတ်ပါတယ်။ ငွေထည်တွေကို နက်ပြောင်သွားအောင်ပွတ်တိုက်ဖို့အတွက် သွားတိုက်ဆေးနဲ့ နူးညံ့တဲ့ချည်သားအဝတ်စတို့ကို အသုံးပြုပေးပါ။ အဲဒီနောက် ငွေထည်တွေပြောင်လက်လာဖို့ရာ သွားတိုက်ဆေးသုတ်ထားတဲ့ ငွေထည်ကို ညင်ညင်သာသာလေး အဝတ်စနဲ့သုတ်လိုက်ရမှာဖြစ်ပါတယ်။

စိန်နဲ့ ကျောက်မျက်ရတနာပါတဲ့ လက်ဝတ်ရတနာတွေအတွက်

စိန်နဲ့ ကျောက်တွေပါတဲ့လက်ဝတ်ရတနာတွေကို သန့်စင်ဖို့ဆိုရင် ဆပ်ပြာပါတဲ့ရေကို အသုံးပြုပါ။ ရေထဲမှာ ၁၅ မိနစ်လောက် စိမ်ထားဖို့ မမေ့ပါနဲ့။ အဲဒီနောက် ဖုန်မှုန့်တွေမရှိတော့အောင် ရေလောင်းချပြီး သန့်စင်လိုက်ရုံပါပဲ။

ပုလဲနဲ့ သန္တာကျောက်အတွက်

ပုလဲနဲ့ သန္တာကျောက်တွေကို သပ်သပ်စီသိမ်းထားသင့်ပါတယ်။ အဲဒါတွေက အလွယ်တကူ အဆင်းရာထင်နိုင်တာကြောင့်ပါ။ နူးညံတဲ့အိတ်ထဲမှာ သိမ်းတာ အကောင်းဆုံးပါပဲ။ ပန်းကန်ဆေးဆပ်ပြာရည်တိုထည့်ထားတဲ့ရေကို အသုံးပြုပါ။ အဲဒီနောက် ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ မရှိတော့အောင် အဝတ်စနဲ့ရေကို တို့ယူပြီး ပွတ်သုတ်ပေးရမှာဖြစ်ပါတယ်။

Ref: How to clean your jewellery

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top