မူကြိုမှာ ဟန်ဆောင်လက်ထပ်ပွဲလုပ်ခဲ့ရတဲ့ ကလေး ၂ ဦး နောက်လမှာ တကယ်လက်ထပ်ကြတော့မယ်

23-6-2022-yyl06.jpg

အသက် ၂၂ နှစ်အရွယ် ဂျိုး မက်သရူး နဲ့ ဂျက်စ် ပိခ်တို့ရဲ့အချစ်ဇာတ်လမ်းက ဆန်းကြယ်တယ်လို့ ဆိုရမှာပါပဲ။ သူတို့စုံတွဲက မူကြိုတက်တဲ့အချိန် အသက် (၄) နှစ်မှာ ဟန်ဆောင်လက်ထပ်ခဲ့ဖူးတယ်။ အခုတော့ သူတို့စုံတွဲဟာ တကယ်လက်ထပ်ဖြစ်သွားခဲ့တယ်။

မူကြိုမှာ အခြားကလေးတွေနဲ့အတူ ဂျိုးနဲ့ဂျက်စ်

ဂျိုးနဲ့ ဂျက်စ်တို့ မူကြိုတက်တဲ့အချိန် ဟန်ဆောင်မင်္ဂလာပွဲလုပ်တော့ လက်စွပ်တောင်မရှိခဲ့ပါဘူး။ နောက်မှာ ဂျိုးဟာ ခရစ္စမတ်ဗြောက်အိုးထဲက လင်းပိုင်အရုပ်လက်စွပ်လေးပေးခဲ့တာပါ။ မူကြိုပြီးတော့ ဂျိုးနဲ့ ဂျက်စ်တို့ အဆက်အသွယ်ပြတ်သွားခဲ့ပြီး (၁၄) နှစ်အကြာမှ အဆက်အသွယ်ပြန်ရခဲ့တာပါ။

ဂျိုး မက်သရူး နဲ့ ဂျက်စ် ပိခ်

ဂျိုးနဲ့ ဂျက်စ်တို့ မူကြိုကျောင်းအတူတူတက်ခဲ့ကြပြီး နေ့တိုင်း အတူတူ မနက်စာစားတယ်။ မူကြိုကျောင်းက ပျော်ပွဲရွှင်ပွဲတွေ အရမ်းလုပ်ပေးခဲ့တယ်။ မွေးနေ့ပါတီအတူတူလုပ်ပေးကြတယ်။ အတူတူ ဒိတ်လုပ်တိုင်းလည်း ကစားခဲ့ရတယ်လို့ ဂျက်စ်ရဲ့အမေက ပြောပါတယ်။

မူကြိုတက်စဥ်က ဂျိုးနဲ့ဂျက်စ်

ဂျိုးက ဩဂုတ်လမှာ မွေးတဲ့အတွက် အောက်တိုဘာမှာ မွေးတဲ့ ဂျက်စ်ထက် တစ်နှစ်စောပြီး မူလတန်းတက်ခဲ့တယ်။ အဲဒါကြောင့် သူတို့ မူလတန်းတက်တော့ ကျောင်းမတူခဲ့ကြဘူး။ အဲဒီကတည်းက သူတို့ နှစ်အကြာကြီး မတွေ့ဖြစ်ခဲ့ကြတော့ဘူး။ နောက်ပိုင်းကျ ဂျိုးက ဂျက်စ်ကို ဖေ့စ်ဘွတ်ခ်မှာ ရှာတွေ့သွားခဲ့တယ်။ ဂျိုးက ဖေ့စ်ဘွတ်ခ်ကနေ ဂျက်စ်ကို စာပို့ခဲ့တယ်။ “မင်း ငါဘယ်သူလဲဆိုတာ မှတ်မိလား”တဲ့။ ဂျက်စ်က “အသက် ၄ နှစ်မှာ ငါ လက်ထပ်ခဲ့တဲ့ ကောင်လေးမလား”လို့ ပြန်ဖြေခဲ့တယ်။ အဲဒီကနေစပြီး သူတို့ထပ်ပြီး တွေ့ဆုံဖြစ်ခဲ့ကြတယ်။

ဂျိုးရဲ့တပည့်လေးတွေ အရောင်ခြယ်ပေးထားတဲ့ Marry Me

ဂျိုးနဲ့ဂျက်စ်တို့နှစ်ဉီးလုံးက ဆရာ၊ဆရာမတွေပါပဲ။ ဂျိုးရဲ့မိဘတွေကို ထပ်ပြီးတွေ့တဲ့အချိန် ပြန်လည်တွေ့ဆုံပွဲလုပ်သလို ခံစားခဲ့ရတယ်လို့ ဂျက်စ်က ပြောပါတယ်။ ငယ်ငယ်တုန်းက ဂျိုးရဲ့ဗီဒီယိုဟောင်းတွေကို ပြန်ကြည့်တော့ ဘယ်နေရာမှာ ဂျိုး ရှိနေရှိနေ ဂျက်စ်က နောက်မှာ ရှိနေတာကို တွေ့ခဲ့ရတယ်။

လက်ထပ်ခွင့်တောင်းပြီး မီးပြတိုက်မှာ ဓာတ်ပုံသွားရိုက်ခဲ့စဥ်

ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ဂျိုးက Beckley Point မိုးမျှော်တိုက်ရဲ့အခန်းတစ်ခန်းကို ငှားပြီး ဂျက်စ်ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ လက်ထပ်ခွင့်တောင်းတဲ့နေရာမှာ ကော်ဇော်နီခင်းကာ လျှောက်လှမ်းထက်မှာ ပွင့်ဖတ်တွေ ကျဲထားပြီး သူတို့အတူတူရိုက်ထားတဲ့ပုံတွေကို ချိတ်ဆွဲထားခဲ့ပါတယ်။ ဂျိုးက သူ့တပည့်လေးတွေကို ခေါ်ပြီး “Marry Me” ဆိုတဲ့ စာလုံးတွေကို အရောင်ခြယ်ခိုင်းခဲ့ပါတယ်။ အဲဒါတွေကိုလည်း ချိတ်ဆွဲထားခဲ့ပါတယ်။

နောက်လ လက်ထပ်ကြတော့မယ့် ဂျိုးနဲ့ဂျက်စ်

ဂျိုးနဲ့ဂျက်စ်တို့က နောက်လကျရင် Rockbeare Manor မင်္ဂလာခန်းမမှာ မင်္ဂလာပွဲကျင်းပသွားမှာဖြစ်ပါတယ်။

Ref: Metro “Kids who got ‘married’ at nursery set to tie the knot for real – 14 years later”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top